Aries
Mar 22 ~ Apr 20

Taurus
Apr 21 ~ May 20

Gemini
May 22 ~ June 22

Cancer
Jun 23 ~ Jul 23

Leo
Jul 24 ~ Aug 23

Virgo
Aug 24 ~ Sep 23

Libra
Sep 24 ~ Oct

Scorpio
Oct 24 ~ Nov 22

Sagittarius
Nov 23 ~ Dec 22

Capricorn
Dec 23 ~ Jan 19

Aquarius
Jan 20 ~ Feb 19

Pisces
Feb 20~ Mar 21

Cancer (ကရကဋ်ရာသီဖွား)ဇွန် ၂၃ မှ ဇူလိုင် ၂၃

    ယေဘုယျ ဘ၀ကံအကျိုးပေးကောင်းမွန်သောနှစ်တစ်နှစ် ဖြစ်သည်။  အကြံအစည် များအထူး အောင်မြင် လိမ့်မည်။ ဘာလုပ်လုပ် အဆင်ပြေမည့်နှစ်ဖြစ်သည်။ ဤရာသီ၌ မူလဇာတာတွင် စန်း၊ လဂ်ရှိသူတို့အဖို့ မုချအောင်မြင်တိုးတက် ကြီးပွားမည်မှာ မုချဖြစ်ပေလိမ့်မည်။

    အတိုက်အခံ အခက်ခဲများကို ကျော်လွှားနိုင်လိမ့်မည်။ ယှဉ်ပြိုင်ဆောင်ရွက်ရသော ကိစ္စရပ်များ၌ အမြဲတမ်း မိမိဘက်က အသာစီးရနေမည်။ သို့ရာတွင်အိမ်ထောင်ရှိသူများနှင့် ငြိစွမ်းမိသူများအဖို့ အခွင့်ကောင်း များဆုံးရှုံ သွားမည့် နှစ်ဖြစ်သည်။

    ခရီးဝေးသွားခြင်း၊ လုပ်ငန်းရည်မှန်းချက်များ မအောင်မမြင်ဖြစ်တတ်၏။ ရုတ်တရက်ထိခိုက်မှု့ နှင့်ကြုံတွေ့ရ တတ်သည်။ လုပ်ငန်းကိုင်ငန်း တိုးတက်အောင်မြင်မည်။ အလုပ်မရှိသူများအဖို့ အစိုးရအလုပ်ဌာနများတွင် အလုပ်ရတတ်ချိန်ဖြစ်သည်။ ကုန်သွယ်ရေးလုပ်ငန်းလည်း ၀င်ငွေတိုးတက်ကောင်းမွန်လိမ့်မည်။ ဂျုံ၊ ကုလားပဲ၊ ငရုပ်နှင့် ပရဆေးပင်များစိုက်ပျိုးမှု့ မူလအတိုင်းဆက်လက် အကျိုးပေးလိမ့်မည်။ တင်ဒါ၊ လေလံ စသည်တို့ အကျိုးပေးမည်။

    ရေလမ်းကုန်သွယ်မှု့၊ သားချင်များနှင့် ပေါင်းစည်းလုပ်ကိုင်မှု့ အဆင်ပြေလိမ့်မည်။ စာပေရေးသား ပြုစုမှု့ အဆင့်တန်း တိုးတက်လာမည်။ အရည်ချင်းကြောင့်နာမည်ကောင်းရမည်။ နေရေးထိုင်ရေး အဆင့်တန်း တိုးတက်မည်။ ပိုမိုကောင်း မွန်သော အိမ်၊ တိုက်ခန်း၊ ခြံမြေ စသည်တို့ဝင်မည်။ မိဘထံမှ အမွှေအနှစ် (သို့) ကူညီထောက်ပံမှု့များလည်းရရှိမည်။ မိခင်၊ ဖခင်တို့နှင့်ပက်သက်၍ ဂုဏ်ယူရလိမ့်မည်။ ပညာရေး အောင်မြင်မှု့ များလည်း ရမည်။ မျှော်မှန်းထားသော တက္ကသိုလ်ကြီး များသို့ တက်ရောက်ခွင့်ရလိမ့်မည်။

    လှပချောမော၍ အရာရာလျှို့ဝက်တတ်သောချစ်သူမျိုးနှင့် တွေ့ဆုံရမည်။ အချစ်ကြောင့် ကံကောင်းမည့်နှစ် ဖြစ်သည်။ အိမ်ထောင်ရေးတွင်ကာလရှည်ကြာစွာ လက်တွဲရသောဖူးစာဖက်နှင့်လက်ဆက်ရလိမ့်မည်။ အိမ်ထောင်ရှင် များအဖို့ အိမ်ထောင်ရေး သာယာမှု့ ရှိသော်လည်း မိသားစုဘ၀တိုးတက်မှု့ကို ဦးစားပေးကာ အလုပ်နှင့်လက် မပြတ်အောင် ကြိုးပမ်း နေရလိမ့်မည်။ ထက်မြက် သွက်လက်သော ယောက်ျားဆန်သည့် သမီးချောလေး တစ်ဦးဖွား မြင်နိုင်သည်။ မာနထောင်လွှားမှု့မပြုသင့်သူတို့အပေါ် ပြုမိ၍ လုပ်ငန်အခွင့် ရေးများ ဆုံးရှုံး တတ်၍ သတိထားပါ။ စပ်တူလုပ်ငန်းကောင်ဆိုး ရောထွေးအကျိုးပေးနေတတ်သည်။

    လူကြီးလူကောင်းမိတ်ဆွေတိုးပွားမည်။ ဖခင်ကြောင့်ကောင်းကျိုးပိုမိုရရှိမည်။ ကုသိုလ်ရေး၊ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ မိမိစေတနာကြောင့် အကျိုးထူးများရရှိခံစားရမည်။ ခေတ်မီပစ္စည်းများ၊ ကျောက်မျက် ရတနာ၊ ရှားပါးပန်းအမျိုးစား၊ တန်ဖိုးကြီးရေမွှေးများနှင့် ၀တ်ကောင်းစားလှများအကျိုးပေးမည်၊ ၀င်မည်။ ဘုရားတည်၊ ကျောင်းဆောက်လှူဒါန်းရာ၌ ပါဝင်ရလိမ့်မည်။ အလုပ်အကိုင်ကောင်းမည်။ အောင်မြင်မှု များ ရ၍ ပုံမှန်ဝင်ငွေတိုးပွားနေမည်။ ရာထူးတိုး၍အလုပ်ပြောင်းရွှေ့ရတတ်သည်။

လအလိုက်အဟောများ

ဧပြီလ - ကျွမ်းကျင်သောလုပ်ငန်းကိုသာစတင်ပါ။ နယ်ပယ်သစ်တွင်ရင်းနှီးမြှုပ်နှံမှု့မပြုသင့်။ လုပ်ငန်းနှင့် ၀င်ငွေတိုးတက် ကောင်းမွန်မည်။

မေလ - ထုတ်လုပ်သိုလှောင်ရောင်းချသော ကုန်ပစ္စည်းများအကျိုးရရှိလိမ့်မည်။ ငွေကုန်သည် အလုပ်လုပ်သင့်သည်။ ရင်နှီးမြှုပ်နှံမှု အကျိုးရှိလိမ့်မည်။

ဇွန်လ - ဥပဒေနှင့်မကင်းသည့် ကိစ္စများ၌လုံးဝမပါဝင်သင့်။ သူတစ်ပါးအတွက် ကြားဝင်ဆောင်ရွက်မှု မပြုလုပ်သင့်။

ဇူလိုင်လ - ကြိုးပမ်းသလောက်အရာထင်မည်။ လုပ်ငန်းအကျိုးအမြတ်ရရှိရန်သေချာလိမ့်မည်။ ကျန်းမာရေးညံဖျင်း နေတတ်သည်။

သြဂုတ်လ - ပညာရေးတွင် စိတ်ဝင်စားမှုနည်းပါးနေမည်။ အပျော်အပါးလျော့ပါ။ ပစ္စည်းများဈေး သက်သက်သာသာ နှင့် ၀င်မည်။

စက်တင်ဘာလ - နေရေးထိုင်ရေးအဆင်ပြေမည်။ ဝေးကွာနေသောချစ်သူနှင့် ပြန်ဆုံမည်။ အိမ်ထောင်ရေး သာယာမည်။

အောက်တိုဘာလ - ၀င်ငွေကျဆင်းနိုင်၏။ သို့သော်မမျှော်လင့်သောလုပ်ငန်း လုပ်ငန်းအောင်မြင်မှုများ ကြုံတွေ့လာနိုင်သည်။

ဇန်န၀ါရီ (၂၀၁၀) - အိမ်ထောင်ဖက်မကျန်းမာဖြစ်တတ်သည်။အစုစပ်လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုထည့်ဝင် နေရမည်။

ဖေဖော်ဝါရီလ - ၀င်ငွေများတစ်ဟုန်တိုး တိုးတက်ရရှိနိုင်၏။ ပတ္တမြား၊ ရွှေ၊ စိန် စသည်တို့ အကျိုး ပေးလိမ့်မည်။

မတ်လ - ကံကောင်းသောရက်များ ဖြစ်လိမ့်မည်။ လုပ်ငန်းနယ်ပယ်၌ သြဇာတိက္ကမ ပိုမိုကြီးမား လာမည်။

ရှောင်ရန် - အဖြူရောင်၊ အနက်ရောင်၊ ညိုမဲသောအရောင်များ အရေးကြီးသောအချိန်များ၌ မ၀တ်ဆင်သင့်၊ အမဲသား၊ ၀က်သား၊ နတ်တင်စာများနှင့် အသုဘအိမ်မှအစားစားများ ရှောင်ကြဉ်ရမည့် နှစ်ဖြစ်သည်။

ဆောင်ရန် - နီလာနှင့် မဟူရာ ကိုတွဲဝတ်ဆင်ပါ။

ကုသိုလ်ယတြာ -  လျှပ်စစ်ပန်ကာ၊ ထီး၊ ယပ်၊ ဖိနပ်၊ စတီပစ္စည်းများ၊ ပရိတ်တရားစီဒီချပ်များ၊ ရွှေသင်င်္ကန်းစသည်တို့ကို လှူဒါန်းပေးသင့်သည်။