|
Leo (သိဟ်ရာသီဖွား) ဇူလိုင်လ၂၄ မှသြဂုတ် ၂၃
ကံတရားကောင်းမွန်မှုရာခိုင်နှုန်း ၆၅ မှ ၈၅
အတွင်းကောင်းအား ရှိနေသော အချိန်ဖြစ်သည်။ နည်းလမ်း အသွယ်သွယ်
နှင့်အားထုတ်လုပ်ဆောင်မှုများတွင်တစ်စထက်တစ်စတိုးတက်အောင်မြင်လိမ့်မည်။
အခက်အခဲ အကျဉ်းအကျပ်တွေ့ကြုံနေရသူများအဖို့ ပိုမိုအဆင်
ပြေလာတော့မည့်နှစ်တစ်နှစ်လည်း ဖြစ်သည်။ စိတ်ရှည်ခြင်း၊
သီးခံခြင်းအထူးလိုအပ်ချိန်ဖြစ်သည်။
ကျန်းမာရေးမူတစ်ရှောင်ရှောင်ဖြစ်ပေါ်နေတတ်၍ ဂရုစိုက်ရမည့်နှစ်ဖြစ်သည်။
ဓလေ့ထုံးတမ်းအစဉ်အလာ၊တရားဥပဒေ၊လူကြီးသူမဆရာသမားများ
ရိုးရာနတ်ဒေ၀တာများအလိုအရ ရိုးရိုးကျင့်မြင့်မြင့်ကြံတတ်သူများအဖို့
များသောအားဖြင့် ကံကောင်းအကျိုးပေးနေမည်။ ငွေကြေး အဆင်ပြေ လာမည်။
ပြောဆိုထားသည့် အကူအညီများရမည်။ ရေကြောင်းမှသီးနှံကုန်သွယ်မှု၊ မီဒီယာ
အလုပ်၊ စာရေးကိရိယာရောင်းဝယ်မှုများအကျိုးရှိမည်။
ညီအကိုမောင်နှမများထံမှ
ပံ့ပိုးကူညီမှုရရှိရန် သေချာသော်လည်း နှောင့်နှေးနေတတ်သည်။ ကောင်းမွန်သော
ဆက်သွယ်ရေး စက်ပစ္စည်းဟောင်းများ၊ ပုံနှိပ်စက်ဟောင်းများ
ဝင်လာပါကအကျိုးရှိ စေလိမ့်မည်။
ပညာရေးတွင်နက်နဲခက်ခဲသောအတတ်ပညာများ၊အသိပညာများထပ်မံသင်ယူရလိမ့်မည်။အများထက်မိမိက
ပိုမိုကျွမ်း ကျင်တတ်မြောက်လိမ့်မည်။
စာမေးပွဲများ၌ထူးထူးချွန်ချွန်အောင်မြင်နိုင်၏။ ဆေးပညာ၊ ရေကြောင်း၊
စီးပွားရေးပညာရပ်များ တွင်ထူးချွန်ထက်မြက်လိမ့်မည်။
ယာယီလုပ်ငန်းများ၌ နစ်နာမှု၊ ဆုံးရှုံးမှု၊
အပြိုင်အဆိုင်များမှုများကြုံတွေ့ရလိမ့်မည်။ အလုပ်နှစ်မျိုး၊
သုံးမျိုးလုပ်သူ တွေအဖို့ ထိုက်သင့်သလောက်အကျိုးရှိလိမ့်မည်။
အပြိုင်အဆိုင်များတတ်သော နှစ်တစ်နှစ်လည်း ဖစ်သည်။
အချစ်ရေးတွင်မိမိသော်လည်းကောင်း၊ချစ်သူသော်လည်းကောင်း အပြောင်းအလဲမြန်ဆန်
နေမည်။ စိတ် သဘော ကွဲလွဲမှုလည်းကြုံလိမ့်မည်။
ဖူးစာဖက်နှင့်ဝေးကွာနေတတ်သောအချိန်မျိုးဖြစ်သည်။ ကြွေးမြီ ကိစ္စများ
အတန်အသင့်ပြေလည်အောင်ဆောင်ရွက်နိုင်မည်။ အစာအိမ်နှင့် ပတ်သက်၍ဝေဒနာဖြစ်
ပေါ် စွဲကပ်တတ် သည်။ ရောဂါဖြစ်မှကုသ ပါကကြန့်ကြာတတ်သော နှစ်တစ်နှစ်ဖြစ်သည်
ကို သတိထား သင့်သည်။
အိမ်ထောင်ဖက်၏
ဦးဆောင်မှုကိုအစစအရာရာနာခံရဦးးမည် ဖြစ်သည်။ အိမ်ထောင်ပြု
ရန်စောင့်ဆိုင်းသူများ အဖို့လိုအင် ဆန္ဒပြည်ဝ တော့မည်။ အစွမ်းသတ္တိပြည့်ဝ
သောအိမ်ထောင်ဖက်မျိုးနှင့်လက်ထပ်ရမည်။
အိပ်ဆေး၊ စိတ်ငြိမ်ဆေးများ၊
ဒုက္ခပေးတတ်သည်။ အဆိပ်ပါသောပင်လယ်စာများကအူလမ်းကြောင်း၏
နောက်ဆုံးအပိုင်းကိုဒုက္ခပေးလိမ့်မည်။
ဂုဏ်သိက္ခာအရည်အချင်း တိုးတက်သလိုဝင်ငွေ
နှင့်လုပ်ငန်းတိုးတက်မှုလည်း ဖြစ်လိမ့်မည်။ ဘာသာရေး ကိစ္စများ၌
အစွမ်းသတ္တိရရှိလာမည်။ လုပ်ငန်းဟောင်းများပြန်စရလိမ့်မည်။ ကျွမ်းကျင်သော
အလုပ်ပြန်လုပ် ရ လိမ့်မည်။ မျှော်လင့်မထာားသော ကောင်းကျိုးများပင်
ရနိုင်၏။ ကံတရား ကြောင့် ကုန်ပစ္စည်း၊ လုပ်ငန်း၊ အကို ကြီး၊
အမကြီးထံမှအကျိုးအမြတ်များရမည်။
လအလိုက်အဟောများမှာ
ဧပြီလ -လူမှုရေး၊ အိမ်ထောင်ရေးကိစ္စများ
အကျိုးပေးအောင်မြင်မှုစတင်မည်။ နိုင်ငံရပ်ခြားကုန်သွယ်မှု အကျိုးပေး လာမည်။
မေလ -နိုင်ငံခြားအလုပ်
နှင့်ခရီးဆက်လက်အကျိုး ပေးမည်။ ဆရာကောင်း သမားကောင်း တို့နှင့်ဆက်လက်
ဆုံစည်း ရမည်။
ဇွန်လ -
ဆုံးဖြတ်ချက်ချရာ၌နှောင့်နှေးတတ်၍
အခွင့်ကောင်းလက်လွတ်ရတတ်သည်။အကူအညီကောင်းများ လက်လွတ် ရတတ်သည်။အကူအညီ
ကောင်းများရလိမ့်မည်။
ဇူလိုင်လ -
ကံကောင်းသောလတစ်လဖြစ်သည်။ဆင်ခြင်တုံတရားနှင့်သည်းခံစိတ်က အစစ အရာရာ
တိုးတက် အောင်မြင်စေလိမ့်မည်။
သြဂုတ်လ - အများ၏ အားထားယုံကြည်
မှုခံရလိမ့်မည်။
စက်တင်ဘာလ - အသုံးစရိတ်
ပိုမိုလာလိမ့်မည်။ ရာထူးဂုဏ်သိန်တိုးမည်။ လုပ်ငန်းတိုးချဲ့ရမည်။
အောက်တိုဘာလ -
နိုင်ငံခြားခရီးလျှပ်တစ်ပြတ်အကျိုးပေးလာမည်။လိုအင်ဆန္ဒမားပြည့်ဝရန်မသေချာပေ။
နိုဝင်ဘာလ - အားထား လောက်စရာ အဆက်အသွယ်
ကောင်းများရရှိလာမည်။ သို့သော် ကျန်းမာရေး သတိထားပါ။
ဒီဇင်ဘာလ -
အစုစပ်လုပ်ငန်းပြန်ကောင်းလာမည်။ အများနှင့် သဟဇာတဖြစ်မည်။
ဆွေးနွေးညှိနှိုင်း ချက်များ အောင်မြင်မည်။
ဇန်န၀ါရီလ(၂၀၁၀) - ယှဉ်ပြိုင်ဘက်များ
ပိုမိုအားပေး လာမည်။သို့သော် မှုစရာမရှိပေ။
ဖေဖေါ်ဝါရီလ -
ဂုဏ်သိက္ခာတိုးမည်။လိုအင်ဆန္ဒပြည့်ဝမည်။အများ၏ယုံကြည်အားထားမှုခံရမည်။
မတ်လ - ဂုဏ်သိက္ခာ တိုးမည်။ သြဇာတိက္ကမ
ကြီးမားလာမည်။ မာနထောင်လွှားခြင်းက လျှို့ဝှက် ရန်သူ ပေါများလာလိမ့်မည်။
ရှောင်ရန် - အမုန်း၊ အပူအစပ်စာ၊
အရေပြား၊ အရိုးနှင့် ခြင်ဆီကိုထိခိုက် စေသောအစာနှင့် ဆေးဝါး၊ အနက်။
အညိုအမဲ၊ ခရမ်းရောင် စသည့်သုံးရောင်ကို နှစ်ကူးရက်များ ၌တွဲမ ၀တ်သင့်။
မသန့်ရှင်းသော နို့ထွက် ပစ္စည်းများ၊ မလွတ်လပ်သူများနှင့်ခရီးသွားခြင်း။
ဆောင်ရန် - နီလာသန့်သန့်တစ်ပွင့်
ကုသိုလ်ယတြာ - ပရိတ်တရားတော်
စာအုပ်များမကြာခဏ ဓမ္မဒါနပြုပေးပါ။ ပျားရည်ပါဝင်သော ဆေးဝါး အစားအစာ များ
လှူဒါန်းပေးပါ။
|