|
Sagittarius(ဓနုရာသီဖွား) နိုဝင်ဘာ ၂၃ မှ
ဒီဇင်ဘာ ၂၂ မိမိ၏ အတိတ်ကာလက
ကြိုးပမ်းဆောင်ရွက်ခဲ့သမျှ ဆက်လက်၍ အရာရောက်အကျိုးပေးနေမည်ဖြစ်သည်။
လုံ့လ၀ီရိယနှင့် ဥာဏ်လွှာသုံးတတ်မှုကို ပိုမို၍ဦးစားပေးထားရမည့်
နှစ်ကာလဖြစ်ပေသည်။ ကံကောင်းမှုရာခိုင်နှုန်းလည်း ၆၀ ရာခိုင်နှုန်းနှင့်အထက်
ဆက်ရှိနေမည်။
ဖြစ်ချင်တာတွေများနေပြီး အကျိုးရလဒ်မူ
နည်းပါးနေတတ်သည်။ မကြာမီ ကိုယ်ရေးကိုယ်သွေးတိုးတက်အောင်
ဆောင်ရွက်နိုင်လိမ့်မည်။ အကြံအစည်များ အကောင်အထည်ပေါ်အောင် ဆောင်ရွက်ရာ၌
အများနှင့်မတူသော နည်းလမ်းတို့ဖြင့် ပိုမိုအဆင်ပြေမှုရရှိနိုင်သည်။
ငွေကြေးရရှိရန် ကြိုးပမ်းမှုများ တစ်စထက်တစ်စ
ပိုမိုအရာရောက်လာတော့မည်။ မိဘဖြစ်သူထံမှ အကျိုး အမြတ် ကောင်းများ၊
ရင်းနှီးမြှုပ်နှံများ၊ အကူအညီများရရှိလိမ့်မည်။ ၄င်းတို့ကို
တိုးပွားအောင် ဆောင်ရွက်နိုင် မည်ဖြစ်သည်။ ရပ်ဝေးကုန်သွယ်မှု
အဆက်အသွယ်ကောင်းများရရှိမည်။ ဆက်သွယ်ရေး၊ ပို့ဆောင် ရေးဆိုင်ရာ
စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းတို့မှ အကျိုးအမြတ်ရမည်။ စွန့်စားဆောင်ရွက်ရသော
စီးပွားရေးလုပ်ငန်းများ အောင်မြင်မည်။
ပို၍ခမ်းနားထည်ဝါသော နေအိမ်၊ တိုက်ခန်း၊
ခြံမြေ၊ လုပ်ငန်းဌာန၊ ယာဉ်စသည်တို့ ၀င်မည်။ မိခင်ကြောင့် ဂုဏ်ယူ
ဝမ်းမြောက်ရမည်။ ဘ၀အခြေအနေတိုးတက်၍ ချမ်းမြေ့ရမည်။ ပညာရေးတွင်
ထူးထူးချွန်ချွန် ထက်ထက် မြက်မြက်ဖြစ်အောင်
ပိုမိုဆောင်ရွက်နိုင်လိမ့်မည်။
ဂုဏ်သရေရှိ ပုဂ္ဂိုလ်များနှင့်
ရင်းနှီးကျွမ်းဝင်ရလိမ့်မည်။ မိတ်ကောင်းဆွေကောင်းတိုးပွားမည်။ ယာယီ
ပေါ်ပင် လုပ်ငန်း များ အမြဲလိုလို ကံအသာစီးရနေမည်။ ဖက်စပ်လုပ်ငန်း၊
ပွဲစားဆန်သောလုပ်ငန်း၊ ရေလမ်းကုန်သွယ်မှု၊ ဘာသာပြန် စာအုပ်ထုတ်ဝေခြင်း၊
မီဒီယာလုပ်ငန်းများ၊ လေလံတင်ဒါကိစ္စများ စသည်တို့၌ အထူး အောင်မြင်
မှုရလိမ့်မည်။
စိတ်မြန်သောချစ်သူမျိုးနှင့် တွေ့ဆုံရတတ်သည်။
ဖခင်၏သဘောကျသော အဆင့်အတန်းမျိုးထဲက ဖြစ်နိုင် သည်။ ချစ်သူဘ၀ အလျန်အမြန်
ရောက်ရတတ်သလို အိမ်ထောင်ရေးကိစ္စကိုလည်း ချက်ချင်း ဆုံးဖြတ် ရတတ်သည်။
အိမ်ထောင်ရေးသာယာမှု ရှိလိမ့်မည်။
အခက်အခဲပြဿနာများ ကြုံတွေ့ရတတ်သော်လည်း
ပြေလည်အောင်ဆောင်ရွက်နိုင်မည်။ ရောဂါဝေဒနာ သက်သာပျောက်ကင်းလိမ့်မည်။
သို့သော် အမြစ်မပြတ်တတ်။ ကြွေးပြီအတန်အသင့် ပြေလည်အောင် ဆောင်
ရွက်နိုင်မည်။ ဆက်လက်၍ ထီထိုးကံစမ်းနေသင့်၏။ အနည်းဆုံး ၂ အစ ၅ အဆုံး၊ ၅
အစ ၂ အဆုံး နှစ်စောင်ကို ပုံမှန်ထိုးသင့်၏။ ရေထွက်ကုန်ပစ္စည်းများနှင့်
နို့ထွက်ပစ္စည်းများမှ အကျိုးအမြတ်ရရှိလိမ့်မည်။
ဤတစ်နှစ်လုံး၌ ကျန်းမာရေး
ပိုမိုတိုးတက်ကောင်းမွန်လာမည်။ ညဥ့်နက်ခံခြင်း၊ အိပ်ရေးမ၀ခြင်း၊
စိတ်ပျော့ညံ့ စေသော စားသောက်နေထိုင်မှုများ ပြုလုပ်မိပါကမူ
ဝေဒနာအမျိုးမျိုးခံစားရတတ်သည့် နှစ်ဖြစ်သည်။
လစဉ်အလိုက်အဟောများမှာ-
ဧပြီလ- အရာရာ၌ နောက်ကြောင်းပြန်ပြောဆိုမှုကို
ထပ်တလဲလဲမပြုလုပ်ပါနှင့်။ ကံ၊ ဥာဏ်၊ ၀ီရိယသုံးပါးစလုံး ကောင်းမွန်နေသည်။
မေလ-ပင်ကိုအရည်အချင်း ပြည့်ဝသလို
ကူညီပံ့ပိုးမှုများလည်း ပိုမိုရရှိနေမည်။ ၀င်ငွေကောင်း၍ အောင်ပွဲခံမည်။
ဇွန်လ - ဇွန်လတွင်
ငွေကြေးချမ်းသာကြွယ်ဝသူများနှင့် မိတ်ရင်းဆွေရင်းဖြစ်လာမည်။
ဝင်ငွေနှင့်ထွက်ငွေ မျှတအောင် ဆောင်ရွက်နိုင်မည်။
ဇူလိုင်လ-စီးပွားရေးပိုမိုအကွက်မြင်လာမည်။
ငွေရလျှင် ဘာပဲလုပ်ရလုပ်ရဟု ဆုံးဖြတ်ခံယူနေတတ်သည်။
သြဂုတ်လ-ထိပ်တန်းကံပွင့်လန်းသော
လတစ်လဖြစ်သည်။ အမှားနည်းအောင် ချင့်ချိန်ဆောင်ရွက်ဖို့သာ
လိုအပ်ပေလိမ့်မည်။
စက်တင်ဘာလ - ရာထူးတိုး၊ ဂုဏ်သိက္ခာတိုး၊
လုပ်ငန်းဝင်ငွေတိုးနိုင်သော အချိန်ဖြစ်သည်။ အလုပ်တာဝန်များပိနေမည်။
အောက်တိုဘာ-ကံတရာအားနည်းသော်လည်း
မိမိ၏ကုသိုလ်ရေးလက်တွေ့ဆောင်ရွက်မှုများက အကျိုးပေးနေမည်။
နိုဝင်ဘာလ - မျက်စိအားနည်းသူများ
ပိုဂရုစိုက်ပေးပါ။ ကုသိုလ်ရေးပိုမိုလုပ်ဆောင်မှသာ
စိတ်ချမ်းမြေ့ပျော်ရွှင်ရလိမ့်မည်။
ဒီဇင်ဘာလ - အရည်အချင်းကောင်းများ
ဖော်ထုတ်ပြသနိုင်မည်။ ပညာရေးအောင်မြင်ပြီး
ကျန်းမာရေးတိုးတက်ကောင်းမွန်လာမည်။
ဇန်န၀ါရီလ(၂၀၁၀) - ဘုရားဖူးခရီးထွက်ရန်
မျှော်လင့်တောင့်တမှု လိုအင်ဆန္ဒပြည့်ဝမည်။ သြဇာတိက္ကမနှင့် လုပ်ပိုင်ခွင့်
တိုးပွားလာမည်။
ဖေဖော်ဝါရီလ
- မိမိကြောင့် လူကြီးမိဘများ
စိတ်ချမ်းမြေ့ပျော်ရွင်ရမည်။ မိတ်ဆွေသူငယ်ချင်းများကပင် မိမိကို
လေးစားကြည်ညိုကြမည်။
မတ်လ - ပိုမိုကောင်းမွန်သောနေအိမ်၊
တိုက်ခန်း၊ ယာဉ်အကျိုးပေးမည်။ ခေတ်မီအိမ်သုံးပစ္စည်း၊
လက်ဝတ်ရတနာများဝင်မည်။
ရှောင်ရန်- အလျင်စလိုဆုံးဖြတ်ခြင်း၊ ၀က်သား၊
အမဲသားမလတ်ဆတ်သော အသားငါးစားခြင်း၊ လေပွစာ၊ မျက်နှာ၌ ထူးထူးဆန်းဆန်း
နည်းစနစ်များဖြင့် အလှပြင်ခြင်း၊ ညိုမည်းမည်းအ၀တ်၊ မီးခိုးရောင်၊
မဖြစ်နိုင်သည်ကို စိတ်ကူးယဉ် မျှော်လင့်စောင့်စားခြင်း။
ဆောင်ရန် - မဟူရာကျောက်မျက်
ကုသိုလ်ယတြာ - သောက်ရေသန့်ဘူး၊ သို့မဟုတ်
ပုံးစသည်လှူပါ။ မျက်နှာသစ်ဆပ်ပြာ၊ သွားတိုက်ဆေး၊ စာကြည့်မျက်မှန်လှူပါ။
အားဆေး သို့မဟုတ် ဓာတ်စာလှူပါ။ |