powered by:
Yangon City Development Committee
3/12/2010
 

Aries
Mar 22 ~ Apr 20

Taurus
Apr 21 ~ May 20

Gemini
May 22 ~ June 22

Cancer
Jun 23 ~ Jul 23

Leo
Jul 24 ~ Aug 23

Virgo
Aug 24 ~ Sep 23

Libra
Sep 24 ~ Oct

Scorpio
Oct 24 ~ Nov 22

Sagittarius
Nov 23 ~ Dec 22

Capricorn
Dec 23 ~ Jan 19

Aquarius
Jan 20 ~ Feb 19

Pisces
Feb 20~ Mar 21

ကုံရာသီဖွား  [Aquarius] ဇန်န၀ါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၉

အစစအရာရာ အဆင်ပြေတိုးတက်လာနိုင်သည်။ ဆုံးရှုံးမှုထက် အောင်မြင်မှုက ပို၍ အားသာ နေချိန် ဖြစ်သည်။ မျှော်လင့်ချက်များ တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ပေါ် အောင်မြင်လာမည်။ အချို့သော စိတ်ကူးယဉ်အိပ်မက်များ မှန်ကန်လာနိုင်သည့် နှစ်တစ်နှစ်ဖြစ်ပေသည်။ ဘာမဆို စိတ်ဓါတ်မကျ အားမလျှော့ဘဲ ဆက်လက်ကြိုးစားသင့်သည်။ ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်ဟုဆိုရမည့် နှစ်တစ်နှစ်ပင် ဖြစ်ပါသည်။

    အရည်အချင်းဂုဏ်သိက္ခာနှင့် ကိုယ်ရည်ကိုယ်သွေး တိုးတက်မြင့်မားလာမည်။ ရေရှည်စီမံကိန်းများ အများ နှင့် ပုးပေါင်း ဆောင်ရွက်ရလိမ့်မည်။ လူမှုရေးလုပ်ငန်းများ အောင်မြင်နိုင်သည်။ အများအကျိုး ဆောင်ခဲ့ သူဖြစ်က ကိုယ့်အကျိုးအောင် တော့မည်။ နစ်နာဆုံးရှုံးမှုဘေးမှ ကင်းဝေးလိမ့်မည်။ နိုင်ငံရပ်ခြားခရီး၊ နိုင်ငံရပ်ခြား အလုပ်များ အကျိုးပေးနေမည်။ ငွေဝင်များသလို ထွက်ငွေလည်း များမည်။ ကတိပြုပြော ဆိုထားသော ကိစ္စရပ်များ၌ စက်တင်ဘာ၊ အောက်တိုဘာတို့တွင် တွန့်ဆုတ်နေလိမ့်မည်။ ရဲရဲဝံ့ဝံ့သာ ဆောင်ရွက် လိုက်ပါ။ အောင်မြင်မှုသည် မုချရရှိနိုင်ပါသည်။

တက္ကသိုလ်ပညာရေး၊ အဆင့်မြင့်ပညာရေးစသည်တို့၌ ထက်မြက်ထူးချွန်နေလိမ့်မည်။ မိမိ တက်ရောက် ပညာသင်ကြား လိုသော တက္ကသိုလ်ကြီးများသို့ တက်ရောက်ခွင့်ရနိုင်သည်။ စာမေးပွဲများ၌ မျှော်မှန်း ထားသလို ဂုဏ်ထူးဝေေ၀ဆာဆာနှင့် အောင်မြင်လိမ့်မည်။ ညီအစ်ကိုသားချင်းများအတွက် လုပ်ငန်း ဘ၀ အခြေအနေ စသည် တိုးတက်ကောင်းမွန်စေရန် မိမိပိုင်ငွေများ ထုတ်ယူသုံးစွဲရပြီး ပိုမိုသာလွန်သောငွေများ ပြန်လည် ရရှိလာမည်။

    နေရေးထိုင်ရေးလည်း အဆင်ပြေမည်။ ထိုအကြောင်းကိစ္စနှင့်ပတ်သက်၍ ဆုတောင်းပြည့်လိမ့်မည်။ ပြောဆို ထားသည့်အတိုင်း ကူညီထောက်ပံ့မှုများလည်း ရရှိနိုင်သည်။ မိမိ၏အိမ်နှင့်အလုပ်ခန်းကို ညိုမှိုင်းသော အရောင်များ ဦးစားပေး အသုံးပြုပါက ကောင်းကျိုးများ လျှော့နည်းတတ်သည်ကို သတိထားပါ။ ထို့ပြင် မိခင်၏ ကျန်းမာရေး ဂရုစိုက်ပေးသင့်၏။

    အချစ်ရေး၌ လျှပ်တစ်ပြက်ကံကောင်းမှုကြုံတွေ့ရတတ်သလို ပူလောင်မှုလျွှမ်းမိုးသော အချစ်ဇာတ်လမ်းများ လည်း ပေါ်ပေါက်တတ်ပေသည်။ အိမ်ထောင်ဖက်၏ ကိုယ်ရည်ကိုယ်သွေး မြင့်မားတိုးတက်လိမ့်မည်။ အိမ်ထောင်ဖက် ကြောင့် အိမ်နီးနားချင်းများနှင့် ပိုမိုရင်းနှီးခင်မင်လာရလိမ့်မည်။ ၄င်း၏လုပ်ဆောင်မှုများသည် ပင်မအဓိကလုပ်ငန်းများ နှင့် ဇာတိရပ်ရွာတွင် ပိုမိုအောင်မြင်မှုရလိမ့်မည်။ ထို့ပြင် မိမိအပေါ်၌လည်း ယခင် ကထက် ပို၍နားလည်သဘောပေါက် ကြင်နာယုယလာလိမ့်မည်။ အိမ်ထောင်ရေး သာယာလိမ့်မည်။ အခက် အခဲ ကြွေးမြီစသည့်ကိစ္စရပ်များ၌ ၂၀၀၉ ခုနှစ်ကုန်လျှင် လုံးဝပြေလည်သွားမည်။ လုင်န်းပြိုင်ဆိုင်မှုများ၌ လျှော့ ပေး မှုက နစ်နာဆုံးရှုံးစေလိမ့်မည်။ ငွေကြေးကံကောင်းမှုများသည်လည်း အတိတ်ဘ၀ကံကြောင့် ပိုမို ခိုင်မာလာ လိမ့်မည်။ အစားအသောက်နှင့် ဆေးဝါးသုံးစွဲရာ၌ ဆင်ခြင်မှုမရှိပါက ဝေဒနာ စွဲကပ်တတ် ချိန်ဖြစ်သည်။

လအလိုက်အဟောများမှာ -

ဧပြီလ - ခရီးဝေးသွားရန် ကြံစည်ထားပါက အောင်မြင်မည်။ လုပ်ဆောင်မှုများ၌ ရာနှုန်းပြည့်အကျိုးရှိနေမည်။

မေလ - ဆက်လက်ကံကောင်းနေမည်။ အများ၏အထင်ကြီးလေးစားမှု ခံရမည်။ လူကြီးသူမတို့၏ အားပေး ကူညီမှု ရရှိမည်။

ဇွန်လ - ဆင်ခြင်တုံတရား ပြည့်ဝနေမည်။ အံ့သြလောက်ဖွယ်ရာ သည်းခံနိုင်စွမ်းများ ရှိနေမည်။ အစာအိမ် အချဉ်ပေါက် တတ်၍ သတိထားပါ။

ဇူလိုင်လ - တင်္ခဏုပ္ပတိဥာဏ် ထက်သန်နေမည်။ စုပေါင်းလုပ်ဆောင်သော စီးပွါးရေးလုပ်ငန်းများ မလုပ် ဆောင်သင့်။

သြဂုတ်လ - ဘုန်းကံပွင့်လမ်းနေချိန်ဖြစ်သည်။ ရွှံ့ကိုင်လျှင်ပင် ရွှေဖြစ်နိုင်သော လတစ်လဖြစ်သည်။

စက်တင်ဘာလ - အစုစပ်လုပ်ငန်း ဆုံးရှုံးမှုနှင့် စိတ်သဘောကွဲလွဲမှုရှိတတ်သည်။ အခက်အခဲနှင့် ရန်များကို ဖြေရှင်း ကျော်လွှားနိုင်မည်။

အောက်တိုဘာလ - ထူးထူးခြားခြားအောင်မြင်မှုများရမည်။ အိမ်ထောင်ဖက်၏ကျန်းမာရေးယာယီညံ့ဖျင်းနိုင်၏။ စိုးရိမ်ဖွယ်ရာ မရှိပေ။

နိုဝင်ဘာလ - ကံကောင်းသောနေ့ရက်များဖြစ်သည်။ အရောင်းအ၀ယ်လုပ်ငန်းများ အောင်မြင်မည်။

ဒီဇင်ဘာလ - ခရီးသွားလုပ်ငန်း အမြတ်အစွန်းရမည်။ ပိုမိုကောင်းမွန်သော အိုးအိမ်ခြံမြေ၀င်မည်။ မိသားစုအကျိုးစီးပွါး တိုးတက်မည်။

ဇန်န၀ါရီလ [၂၀၁၀] - ကိုယ်ကျင့်တရားနှင့် မူလဂုဏ်သတင်းကြောင့် လတ်တလော ဆောင်ရွက်မှုများ အောင်မြင်နေမည်။

ဖေဖော်ဝါရီလ - နိုင်ငံခြားကုန်သွယ်မှု မြတ်စွန်းမည်။ အိမ်ထောင်ဖက်၏အကြံဥာဏ်နှင့် အကူအညီ များရှိနေ မည်။

မတ်လ - အိမ်ထောင်ရေးဆက်လက်သာယာမည်။ မိသားစုဝင်ငွေတိုးမည်။ အိမ်ထောင်ဖက်ကံကြောင့် စီးပွါး တက်မည်။

ရှောင်ရန် - ပူလွန်းစပ်လွန်းသော အစားအစာများ၊ အဆိပ်ဓါတ်များသော အစားအစာများ၊ ခြင်၊ ပင့်ကူ၊ မြွေအစရှိသော သတ္တ၀ါများ၊ ညိုမည်းကြောင်ကျားသောအရောင်ရှိသည့် ခွေးမွေးမြူခြင်း၊ သူတော်ကောင်း များကို ထင်ရာမြင်ရာ ဝေဖန်ပြောကြားခြင်း။

ဆောင်ရန် - ကြောင်ကျောက်နှင့် မြကို ဖွဲဖက်ဆောင်ပါ။

ကုသိလ်ယတြာ - ပရိက္ခရာရှစ်ပါး အခါအားလျော်စွာ ကပ်လျှူပေးပါ။ နေပုခံကျောက်ပြားများ လှူပါ။

home | about us | contacts us
Your Visitor Number : 12901606
copy right@ PUBLIC RELATIONS AND INFORMATION DEPARTMENT
Yangon City Development Committee, City Hall
Yangon, Union of Myanmar