powered by:
Yangon City Development Committee
3/12/2010

Aries
Mar 22 ~ Apr 20

Taurus
Apr 21 ~ May 20

Gemini
May 22 ~ June 22

Cancer
Jun 23 ~ Jul 23

Leo
Jul 24 ~ Aug 23

Virgo
Aug 24 ~ Sep 23

Libra
Sep 24 ~ Oct

Scorpio
Oct 24 ~ Nov 22

Sagittarius
Nov 23 ~ Dec 22

Capricorn
Dec 23 ~ Jan 19

Aquarius
Jan 20 ~ Feb 19

Pisces
Feb 20~ Mar 21

Gemini(မေထုန်ရာသီဖွား) မေ ၂၂ မှ ဇွန် ၂၂

အနာဂတ်ကံကောင်း မှုများဆီသို့ တစ်ဆင့် တိုးတက်နီးကပ် သွားပြီ ဖြစ်သော နှစ်တစ်နှစ် ဖြစ်ပေ သည်။ မည်သည့်အခြေအနေ ၌ မဆို ဆုတ်ယုတ်မှု ရာခိုင်နှုန်း တစ်စထက် တစ်စ လျော့နည်း သွားပေမည်။ အတွေး အခေါ်ကောင်း၊ အတွေ့အကြုံးကောင်း၊ နောက်လိုက်ကောင်းများ ကြောင့်ဟန်ကျပန်ကျ ဖြစ်တော့မည် နှစ်ဖြစ် ပေသည်။ အရာရာ၌ ဥာဏ်လွှာ သုံးနိုင်လိမ့်မည်။ ကိုယ်ရည် ကိုယ်သွေး ပိုမိုတောက်ပြောင်လာ မည်။ ကျန်းမာ ရေး ပိုမိုကောင်းမွန်လာမည်။ မျှော်လင့်ချက် များ ပြည့်ဝလာတော့ မည်။

ဝင်ငွေဆက်လက် တိုးပွားကောင်း မွန်နေမည်။ စီပွားရေး စာချုပ်သစ် များ ထပ်မံချုပ်ဆိုရတက် သည်။ ရပ်ဝေ ခရီး မကြာခဏ သွားရောက်ရတက်သည်။ ၀င်ငွေကောင်းသလို ဇိမ်ခံပစ္စည်းနှင့် အပျော်အပါးကြောင့် ငွေကုန် ကျေးကြ များမည်။ အစုအစပ်လုပ်ငန်း များ၌ ရင်းနှီးမြှုပ်နှံရ လိမ့်မည်။

ဘာသာရေးအဓိဌာန်များ အောင်မြင်မည်။ ပရဟိတလုပ်ငန်းများ၌ စိတ်ရောကိုယ်ပါမြှုတ်နှံရလိမ့်မည်။ အများ၏ အထင်ကြီး လေးစားမှု့ခံရမည်။

နေရေးထိုင်ရေးပိုမိုကောင်းမွန်လာမည်။ အိမ်ခြံမြေ ရောင်းဝယ်ငှား လုပ်ငန်းများ အကျိုးပေးနေမည်။ စိုက်ပျိုး ရေးနှင့် ရေလမ်းကုန်သွယ်မှု့ အောင်မြင်ရန် ကြိုးပမ်းအားထုတ်ရလိမ့်မည်။ မိခင်ဖြစ်သူ၏ ကျန်းမာရေး ဂရုစိုက် ပေးရန် လိုအပ် လိမ့်မည်။ ပညာရေးခရီးဖြောင့်ဖြူးသာယာမည်။

သားသမီးတို့၏ ကံတရားကြောင့် မိသားစုဘ၀အခြေနေပိုမိုတိုးတက်လာမည်။ တပည့်တပန်းများလည်း ကောင်းကျိုးပေး လိမ့်မည်။

ယှဉ်ပြိုင်၍ဆောင်ရွက်ရသော ရေလုပ်ငန်း၊ ပုံနှိပ်ထုတ်ဝေခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းစသည်တို့ တိုးတက် အောင်မြင်လာ မည်။ သို့ရာတွင် လုပ်ငန်းခွင်၌ သဘောထားကွဲလွဲမှု့များရှိနိုင်သည်။ အတိုက်ခံပြုသူများ ကြုံတွေ့ ရမည်။ သို့သော် မိမိဘက်က ရပ်တည်သူများကြောင့် ဆက်လက်အောင်ပွဲခံရမည်။ လုပ်ငန်းသစ်များချဲ့ထွင်မှု့ ဆောင်ရွက်ရမည်။

အချစ်ရေးတွင် အဆင်ပြေလိမ့်မည်။ ချောမောလှပ၍ သွက်လက်ဖျက်လက်သော ချစ်သူမျိုးနှင့် ဆုံရတတ် သည်။ အိမ်ထောင်ပြုရန်မျှော်လင့်ချက်များလည်း ပြည့်ဝလာနိုင်သည်။ အိမ်ထောင်ရှင်များအဖို့ အသုံးအစွဲ ချွေတာ စိစစ်သော အိမ်ထောင်ဖက်ကြောင့် ဥစ္စာပစ္စည်းတိုးပွားလိမ့်မည်။

ကျွမ်းကျင်ပိုင်နိုင်သော နယ်ပယ်တွင် ဆက်တည်တံနေမည်။ အစွမ်းစကြောင့် အခြားသူများ အကျိုးစီးပွား ဖြစ်ထွန်းမည်။ အမြစ်မပြတ်နိုင်သော ဝေဒနာဆိုးများ သက်သာပျောက်ကင်းမည်။ အထက်လူကြီး ဆရာသမား များ၏ မစမှု့ခံရမည်။ ဘုန်းကံပွင့်လန်းမည်။ မိမိ၏ဆင်ခြင်တုံတရား၊ မျှတသောစိတ်၊ ဘာသာတရားကြည်ညိုမှု၊ စည်းကမ်းရှိမှု၊ စိတ်ထိန်းချုတ်နိုင်မှု တို့က မိမိကို အများအကျိုးဆောင်ရွက်နိုင်သော လူတော်လူကောင်းအဖြစ် တွန်းပို့ခြင်းခံရလိမ့်မည်။ ရာထူးတိုးမြှင့်ခြင်းခံရမည် (သို့မဟုတ်) လုပ်ငန်းအောင်မြင်မည်။ အလုပ်မရှိသူအဖို့ အလုပ်ကောင်းရနိုင်သည်။ အောင်ပွဲအလီလီရရှိသောနှစ်တစ်နှစ်ဖြစ်လိမ့်မည်။ သို့သော် အကြံစည်သစ်၊ အလုပ်ကိုင်သစ်များကြားတွင် အနားယူချိန် ကင်းမဲ့နေမည်။

လအလိုက်အဟောများ

ဧပြီလ - အစစအရာရာကံကောင်းနေမည်။ အများ၏ အကျိုးကို ဆောင်ရွက်နိုင်မည်။ မိမိလုပ်ငန်းမှ အမြတ်စွန်း ကောင်းစွာ ရရှိမည်။

မေလ - မိမိ၏ အစွမ်းသတ္တိကိုဖော်ထုတ်ရန်တွန့်စုတ်နေလိမ့်မည်။ သို့သော် ဆက်လက်ကံကောင်း နေမည်သာဖြစ်သည်။

ဇွန် - သြဇာတိက္ကမ ကြီးမားလာမည်။ အကြံစည်များအောင်မြင်လိမ့်မည်။ စွန့်စားလုပ်ဆောင်မှု့များ အထူး အဆင်ပြေလိမ့်မည်။

ဇူလိုင် - အထူးကံကောင်းသော လတစ်လ ဖြစ်ပေသည်။ ဦးတည်လုပ်ဆောင်မှု့များ ရာနှုန်းပြည့် အောင်မြင်နိုင် သည်။

သြဂုတ်လ - ကြိုးပမ်းအားထုတ်သလောက် အရာရောက်မည်။ စိတ်ထဲတွင် ဆုံးဖြတ်ထားသည့်အတိုင်း အောင်မြင်အောင် ဆောင်ရွက်နိုင်မည်။

စက်တင်ဘာလ - ပညာရေးတွင် ပိုမိုတိုးတက်အောင်မြင်လာမည်။ ဥာဏ်လွှာသုံးနိုင်လိမ့်မည်။ ကျန်းမာရေးဂရုစိုက်ပါ။

အောက်တိုဘာလ - လျှပ်တစ်ပြတ် ၀င်ငွေကောင်းမည်။ မိမိကျွမ်းကျင်သော နယ်ပယ်၌ အထူး အောင်မြင်မှု ရလိမ့်မည်။

နိုဝင်ဘာလ - ကံကောင်းသောလတစ်လ ဖြစ်သည်။ နောက်လိုက်တပည့်ကောင်းများကြောင့် စိတ်ချမ်းသာပျော်ရွှင်ရမည်။

ဒီဇင်ဘာလ - အများနှင့်ပူးပေါင်းဆောင်ရွက်မှု့အောင်မြင်မည်။ ရပ်ဝေးခရီးသွားရလိမ့်မည်။ အိမ်ထောင်ဘက်နှင့် သဘောထား ကွဲလွဲတတ်၏။

ဇန်န၀ါရီလ(၂၀၁၀) - ပျော်ရွှင်ချမ်းမြေ့ရမည်။ မိမိတိုးတက်အောင်မြင်မှု့ကို အသေအချာ ရယူနိုင် လိမ့်မည်။ အိမ်ထောင်ရေး သာယာမည်။

ဖေဖော်ဝါရီလ - မိမိအစွမ်းအစကို ဖော်ထုတ်ပြသရန် အခွင့်ကောင်းများကြုံမည်။ မိတ်ကောင်း ဆွေကောင်း တိုးပွားမည်။

မတ်လ - ပိုမိုကံကောင်းလာမည်။ အိမ်သုံးခေတ်မီပစ္စည်း၊ ရွှေနှင့် ကျောက်မျက်ရတနာများ ၀င်မည်။ နေရေးထိုင်ရေးပိုမို အဆင်ပြေလာမည်။

ရှောင်ရန် - အနက်ရောင်အ၀တ်အစား၊ အကြောင်အကျားအ၀တ်အစား၊ အိမ်ထောင်သည်များနှင့် တရင်းတနှီး သွားလာနေထိုင်လည်ပတ်ခြင်း၊ လေပွစေတတ်သောအစားအစာများ၊ မိမိမကျွမ်းကျင်သောအလုပ်။

ဆောင်ရန် - မဟူရာနှင့် မြ ကိုဆောင်ပါ။

ကုသိုလ်ယတြာ - အခွင့်အခါသင့်တိုင်း တန်ခိုးကြီးဘုရားများသို့ သွားရောက်ဖူးမြော်ပါ။ ပရိက္ခရာရှစ်ပါးလှူပေးပါ။ ရွှေလှူပါ။

home | about us | contacts us
Your Visitor Number : 12901628
copy right@ PUBLIC RELATIONS AND INFORMATION DEPARTMENT
Yangon City Development Committee, City Hall
Yangon, Union of Myanmar