powered by:
Yangon City Development Committee
3/12/2010
 

Aries
Mar 22 ~ Apr 20

Taurus
Apr 21 ~ May 20

Gemini
May 22 ~ June 22

Cancer
Jun 23 ~ Jul 23

Leo
Jul 24 ~ Aug 23

Virgo
Aug 24 ~ Sep 23

Libra
Sep 24 ~ Oct

Scorpio
Oct 24 ~ Nov 22

Sagittarius
Nov 23 ~ Dec 22

Capricorn
Dec 23 ~ Jan 19

Aquarius
Jan 20 ~ Feb 19

Pisces
Feb 20~ Mar 21

Libra (တူရာသီဖွား) စက်တင်ဘာ ၂၄ မှ အောက်တိုဘာ ၂၃

    အတွေ့အကြုံ ပိုမိုရရှိလာမည်။ သင်ခန်းစာယူစရာများလည်း တွေ့မြင်လာမည်။ သို့သော် ဘ၀အခြေအနေ အဆင့်အတန်းသည် တစ်စထက်တစ်စ ပိုမိုတိုးတက်လာမည်ဖြစ်သည်။ အထူးသဖြင့် နစ်နာဆုံးရှုံးမှုများသည် ဝေးလွင့် ပျောက်ကွယ်သွားပြီ ဖြစ်သည်။

    မိမိ၏ ယှဉ်ပြိုင်ကြိုးပမ်းလုပ်ဆောင်မှုများ မခံချင်စိတ်များ၊ ယှဉ်ပြိုင်ဘက်များက ပိုမိုအောင်မြင်အောင် ပံ့ပိုးကူညီနေသလို ဖြစ်လိမ့်မည်။ အခက်အခဲ ပြသ၁နာများကို ကျော်လွှားအောင်မြင်နိုင်မည်။ ၀ါသနာအရင်းခံသော အလုပ်များတွင် ကြိုးစားအားထုတ်နေရမည့်အချိန်ဖြစ်သည်။ ကိုယ်ကျင့်တရား ကောင်းမွန်မည်၊ တရားအဓိဌာန် အောင်မည်၊ ရောဂါဝေဒနာခံစာရတတ်သော်လည်း တာရှည်မဖြစ်နိုင်။ တခြားသူတို့ထံမှ ဈေးကွက်လုပ်ပိုင်ခွင့် အကျိုးအမြတ်များ၊ ဖောက်သည်များ မိမိလက်ထဲသို့ရောက်ရှိလာမည်။

    ရပ်ဝေးနေ သားချင်းများထံမှ အဆက်အသွယ်ရရှိမည်၊ ညီအကိုမောင်နှမများနှင့် လုပ်ငန်းတူဆောင်ရွက်မှု အကျိုးဆက်လက်ရှိမည်၊ မိမိ၏သတ္တိဗျတ္တိကြောင့် ကြိုးပမ်းအားထုတ်မှုများ အရာရောက်မည်၊ ထင်ပေါ်ကျော်စော နာမည်ကြီးလာမည်၊ ခရီးသွားရာ၌ ယာဉ်မတော်တဆဖြစ်တတ်၍အစဉ်သတိရှိသင့်၏၊ မိမိ ဆောင်ရွက်ရသော (သို့) မိမိနှင့် ပက်သက်သော အမှုကိစ္စများ ပြီးစီးအောင်မြင်အနိုင်ရလိမ့်မည်၊ စိတ်သဘောထား ပိုမိုတည်ငြိမ် ရင့်ကျက်လာမည်။ သမာဓိ ပိုမိုကောင်းမွန်လာမည်။

    ပညာရေးကောင်းမွန်နေမည်၊ သို့သော်တစ်စိုက်မတ်မတ် ကြိုးစားအားထုတ်မှုရှိမှသာ ထူးချွန်ထက်မြက် လာမည်ဖြစ်သည်၊ နိုင်ငံရပ်ခြားပညာတော်သင် ကိစ္စများအဆင်ပြေချောမွေ့လာမည်၊ ကျောက်မျက်ရတနာ၊ ဇိမ်ခံပစ္စည်း အလှကုန်နှင့် ခေတ်မီအိမ်သုံးပစ္စည်းများမှသူများထက်ပို၍ အကျိုးအမြတ် ဖြစ်ထွန်းလိမ့်မည်။ အခက်အခဲ ပြသ၁နာများကို ကျော်လွှားအောင်မြင်နိုင်မည်။ အတိုက်အခံ ကြီးမားလေလေ အောင်မြင်မှုကြီးမားလေဖြစ်မည်။

    အချစ်ရေး အဆင်ပြေမည်။ နှစ်ကိုယ်တူနီးရန် ရေရှည်စီမံကိန်းများရေးဆွဲနေရဦးမည်။ အိမ်ထောင်ရေး ကံကောင်းမှုများ ကြုံမည်။ အချို့သောဇာတာရှင်များ မိဘသဘောကျသူနှင့်ယူရတော့မည်။ သို့သော် အဆင်ပြေကံကောင်းလိမ့်မည်။ အိမ်ထောင်ရှင်များအဖို့ အိမ်ထောင်ဖက်ကြောင့် ဂုဏ်ယူဝမ်းမြောက်ရလိမ့်မည်။

    ကုသိုလ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရလိမ့်မည်။ လူမှုရေးကိစ္စအဆင်ပြေမည်။ စည်းရုံးရေး၊ ၀ါဒဖြန့်ချိရေး၊ ဖျော်ဖြေရေးနှင့် ပညာပေးရေးဆိုင်ရာ ဖန်တီးလုပ်ဆောင်သော မီဒီယာလုပ်ငန်းများအောင်မြင်မည်။ နာရီရောင်းဝယ် ထုတ်လုပ်သော လုပ်ငန်းများ၊ ဆောက်လုပ်ရေး၊ နို့ထွက်ပစ္စည်း၊ ပန်းစိုက်ပျိုးရောင်းဝယ်မှုနှင့် ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးမှုတို့ အကျိုးရှိလိမ့်မည်။ ငွေကုန်သွယ်လုပ်ငန်းအောင်မြင်မည်။ မြေယာ၊ လျှပ်စစ်၊ အလုပ်ကြမ်းသမားများ၊ ရေနံ၊ စည်သွပ်ဗူး ထုတ်လုပ်မှု စသည်တို့မှ အမြတ်အစွန်း ရရှိနိုင်သည့် နှစ်ဖြစ်ပေမည်။

လအလိုက် အဟောများမှာ -

ဧပြီလ - မိတ်ကောင်းဆွေကောင်း တိုးပွားမည်။ အစုစပ်လုပ်ငန်း စတင်ရတတ်သည်။ အိမ်ထောင်ဖက်ကြောင့် စီးပွားတက်မည်။

မေလ  - ကျန်းမာရေးတိုးတက်ကောင်းမွန်မည်။ လုပ်ငန်း၌ ထူးထူးခြားခြား အကျိုးပေးလာမည်။ ရွှေဝင်မည်။

ဇွန်လ - ကံတရားအထူးကောင်းမည်။ အိမ်ထောင်ရေးသာယာမည်။ ဇိမ်ခံစက်ပစ္စည်းဝင်မည်။ သူတော်ကောင်းများ၏ မစမှုခံရမည်။

ဇူလိုင်လ - လုပ်ငန်းအဆင်ပြေမည်၊ ရာထူးတက်မည်၊ အလုပ်မရှိသူ အလုပ်ရမည်။

သြဂုတ်လ - ကောင်းသတင်းနှင့် ကျော်စောမည်။ အစိုးရ၀န်ထမ်းများအဖို့ မြင့်မားသောရာထူးများ ရတတ်ချိန်ဖြစ်သည်။

စက်တင်ဘာလ - အလုပ်အကိုင်ကောင်းမည်၊ သို့သော် အမြတ်အစွန်း နည်းပါးနေတတ်သည်။

အောက်တိုဘာလ - မျှော်လင့်ထားသလို အကျိုးအမြတ်ရရှိလိမ့်မည် မဟုတ်၊ ရည်ရွယ်ချက်များလည်း အောင်မြင်ရန် နှောင့်နှေးနေမည်။

နိုဝင်ဘာလ - လုပ်ငန်းအမြတ်အစွန်း ကြီးစွာရမည်၊ ကုသိုလ်ကံပွင့်လန်း၍ ဂုဏ်သိက္ခာတိုးမည်။ မန္တန်ရွတ်ဖတ်မှု ပိုမိုပြုလုပ်သင့်၏။

ဒီဇင်ဘာလ -သတင်းကောင်းများ ကြားရမည်။ အတိတ်နမိတ်ကောင်းများ မြင်တွေ့မည်။ ခရီးဝေးသွားရောက်ရမည်။

ဇန်န၀ါရီလ (၂၀၁၀) - အိမ်ခြံမြေကိစ္စများ ဦးစားပေးဆောင်ရွက်နေရမည်။ ဆန္ဒအတိုင်း အလုပ်အကိုင် နေရာဌာန ပြောင်းရွှေ့ရတတ်သည်။

ဖေဖေါ်ဝါရီလ - အသိဥာဏ် ပွင့်လန်းထက်မြက်မည်။ အကျိုးရလဒ်ကောင်းများ ရရှိခံစားရမည်။

မတ်လ - ပညာရေးတွင် ထိရောက်အောင်မြင်မှု ရှိလိမ့်မည်။ စာမေးပွဲ၌ ရလဒ်ကောင်းဆောင်ရွက်နိုင်မည်။

ရှောင်ရန် - အသားငါး အလွန်အကျွံစားခြင်း၊ သွေးနီရောင်လွှမ်းသော အသား၊ နေအိမ်ကို မွဲခြောက်ခြောက် အရောင်သုတ်ခြင်း၊ မတောက်ပသော အနီရောင်အ၀တ်အစား၊ အဆိပ်ဓာတ်များသော ဆေးဝါးများ။

ဆောင်ရန် - စိန်နှင့် ကျောက်နီကို ဆောင်ပါ။

ကုသိုလ်ယတြာ - ပစ္စည်းလေးပါးထဲမှ တတ်နိုင်ရာကို မကြာခဏ လှူပေးပါ။ နှင်းဆီနီ၊ ပန်းရောင်နှင်းဆီ၊ ရောင်စုံနှင်းဆီများ မကြာခဏ ကပ်လှူပူဇော်ပါ။ အကြိုက်ဆုံး ဟင်းခြောက်မျိုးနှင့် ဆွမ်းကပ်လှူပါ။

home | about us | contacts us
Your Visitor Number : 12901823
copy right@ PUBLIC RELATIONS AND INFORMATION DEPARTMENT
Yangon City Development Committee, City Hall
Yangon, Union of Myanmar