|
Pisces (မိန်ရာသီ) ဖေဖော်ဝါရီ ၂၀ မှ မတ် ၂၁
ကံအကျိုးပေးမှု
ထိပ်တန်းရောက်ရှိနေသည့် အချိန်ကာလဖြစ်သည်။ လက်တွေ့ကြိုးပမ်းမှုများ
အောင်မြင်ပြီးမြောက် နိုင်သည်။ ကြီးပွါးတိုးတက်ချမ်းသာရေးလမ်းမပေါ်၌
လျှောက်လှမ်းနေရသည့် နှစ်တစ်နှစ်ဖြစ်ပေသည်။ ဘာမဆို အပျက်စိတ်နှင့်မတွေးဘဲ
ဘ၀ကိုတစ်ဆင့်တိုး၍ ကြိုးပမ်းအားထုတ်နေသမျှ အရာရောက်လိမ့်မည်။ ကျန်းမာရေး
ကောင်းမွန်လိမ့်မည်။ ငွေကြေးနှင့် သားသမီးဆိုင်ရာ လိုချင်တောင့်တမှုများ
ပြည့်ဝတတ်သည့် နှစ်ဖြစ်သည်။ ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်သီလ
တိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်နေလိမ့်မည်။ ကိုယ်စွမ်းကိုယ်စနှင့်
လုပ်ငန်းဆိုင်ရာ ကွမ်းကျင်မှုများ ပိုမိုရရှိလာလိမ့်မည်။
ကြွေးမြီများအတွက် ပြန်လည်ရယူနိုင်မည်။ မိမိပိုင်ငွေများ ဆုံးရှုံးတတ်၏။
လုပ်ငန်းအဆောက်အအုံ၊ ဟိုတယ်စသည်တို့ကို ရောင်းဝယ်ငှားရာ၌ အကျိုးရှိမည်။
အိမ်ခြံမြေကိစ္စများလည်း အဆင်ပြေမည်။
ပညာရေးအောင်မြင်မှုများ
ရရှိမည့်နှစ်ဖြစ်သည်။ ဘာသာရပ်တိုင်း၌ ထူးချွန်ထက်မြက်နိုင်၏။ ပညာပေးစာပေ၊
ဆောင်းပါးနှင့် မီဒီယာလုပ်ငန်းများ ရည်မှန်းသလို အောင်မြင်မှုရလိမ့်မည်။
မိခင်ဖြစ်သူ၏ ပံ့ပိုးကူညီမှုများရရှိနိုင်သလို အောင်ထောင်ဖက်ထံမှလည်း
အကြံဥာဏ်ကောင်းများပေါ်ထွက်လိမ့်မည်။ အသိဥာဏ်ပညာထက်မြက်ရှင်သန်နေပြီး
ပညာရေးခရီးလမ်းဖြောင့်ဖြူးမည်။ သို့ရာတွင် မိမိနှင့်မအပ်စပ်သောပညာများကို
လုံးဝသင်ယူခြင်း မပြုသင့်ပေ။ အသိဥာဏ်နှင့်ယှဉ်ပြိုင်ရသော စစ်တုရင်ကဲ့သို့
ကစားပွဲများ၌ အနိုင်ရလိမ့်မည်။ ချမ်းသာကြွယ်ဝအောင်မြင်အောင်
ကြိုးပမ်းရမည့် နှစ်တစ်နှစ်ဖြစ်ကြောင်း မမေ့သင့်ပေ။
ဂါထာမန္တန်များကို
စွဲစွဲမြဲမြဲရွတ်ဖတ်ပူဇော်မှု များစွာ အကျိုးရှိလိမ့်မည်။
မိမိအလွန်သွားချင်သော ရပ်ဝေးတန်ခိုးကြီး ဘုရားများသို့
သွားရောက်ဖူးမျှော်ရလိမ့်မည်။ ကောင်းမွန်သော အိပ်မက်နိမိတ်များ
မြင်တွေ့ရတတ်သည်။ အထူးသဖြင့် နတ်ဒေ၀ီများ၏ မစမှုခံရတတ်သည်။
အချစ်ရေးကံကောင်းနေမည် ဖြစ်သည်။
ချစ်သူနှင့် ပျော်စရာခရီးတစ်ခု အတူသွားရောက်ရလိမ့်မည်။ သို့သော်
နောက်ကြောင်းမရှင်းသောသူမျိုးကို မချစ်မိစေရန် သတိပြုသင့်ချိန်ဖြစ်သည်။
အိမ်ထောင်ရေးအပြည့်အ၀သာယာနိုင်၏။ အိမ်ထောင်ဖက်ကြောင့်လည်း
မိသားစုဝင်ငွေတိုးတက်နိုင်သလို စုဆောင်းငွေများလည်း တိုးပွါးလိမ့်မည်။
ရောဂါဝေဒနာများ ဖြစ်ပေါ်စွဲကပ်နေလျှင်
ဤနှစ်အတွင်း ထိရောက်သောကုသခံယူမှုများကြောင့် လုံးဝပျောက်ကင်း
ချမ်းသာနိုင်၏။ ထို့ပြင် ငုပ်နေသော ရောဂါဆိုးများကို စစ်ဆေးတွေ့ရှိ၍
အချိန်မီပျောက်ကင်းအောင် ကုသနိုင်လိမ့်မည်။ လူကြီးသူမတို့က
မိမိ၏ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံအားပေးကြလိမ့်မည်။ တစ်ဦးတည်း
ကြိတ်၍ ကြိုးစား အားထုတ်မှုများလည်း အောင်မြင်မည်။
လအလိုက် အဟောများမှာ -
ဧပြီလ - အချို့သောကိစ္စများ မျှော်လင့်ထားသလို
ဖြစ်မလာတတ်။ ဈေးကွက်တိုးချဲ့နိုင်မည်။
မေလ - စီမံကိန်းချမှတ် လုပ်ဆောင်သင့်၏။
ဆုံးဖြတ်ထားသည့်အတိုင်း ရလဒ်ကောင်းများ ပေါ်ထွက်နိုင်၏။
ဇွန်လ - နေရေးထိုင်ရေး အဆင်မပြေမှု
ကြုံရတတ်သည်။ မိခင်ဖြစ်သူ၏ကျန်းမာရေး ညံ့ဖျင်းတတ်၏။ အဓိပ္ပာယ်မဲ့
မစွန့်စားသင့်။
ဇူလိုင်လ
- အသိပညာ အတတ်ပညာကြောင့်
ဘ၀အဆင့်အတန်းတိုးတက်အောင် ဆောင်ရွက်နိုင်မည်။ စီးပွါးတက်မည်။
သြဂုတ်လ- စီးပွါးဥစ္စာဖြစ်ထွန်းမည်။ ရန်နှင့်
အခက်အခဲများကို ဖြေရှင်းနိုင်ရမည်။ အမှုအခင်းများ ပြီးပြတ်အောင်
ဆောင်ရွက်နိုင်မည်။
စက်တင်ဘာလ - အိမ်ထောင်ဖက်ကြောင့်
စိတ်ညစ်ညူးစရာ ဖြစ်ရတတ်၏။ ၄င်း၏ ကျန်းမာရေး ညံ့ဖျင်း ခြင်းလည်း
ဖြစ်နိုင်သည်။
အောက်တိုဘာလ - မျှော်လင့်မထားသော
အကျိုးစီးပွါးဖြစ်ထွန်းမှုများ ပေါ်ပေါက်လမ့်မည်။ ဝေဒနာခံစားရမှုများ
သက်သာ ရာရမည်။
နိုဝင်ဘာလ - ကံအဆိုးအကောင်း
ရောထွေးနေလိမ့်မည်။ လုပ်ငန်း၌ လျှို့ဝှက်ရန်သူရှိတတ်သည်။ ဆေးဝါးများကို
စမ်း၍ မသောက်သင့်။
ဒီဇင်ဘာလ - လုပ်ငန်းအောင်မြင်မည်။
ယှဉ်ပြိုင်ဘက်များကို ကျော်လွှား၍ ရာထူးတိုးမြှင့်ခံရတတ်သည်။
ဌာနပြောင်းရွှေ့ ရတတ်သည်။
ဇန်န၀ါရီလ [၂၀၁၀]
- ယှဉ်ပြိုင်ဘက်များကို
အနိုင်ရရှိရန် မသေချာ၊ ရပ်ဝေးဒေသခရီးသွားရမည်။
ဖေဖော်ဝါရီလ - ရန်အပေါင်းကို အနိုင်ရမည်။
မိမိအား ဆန့်ကျင်သူများလေလေ ပို၍ ထင်ပေါ်ကျော်စော အောင်မြင် လေလေ
ဖြစ်လိမ့်မည်။
မတ်လ - ကျန်းမာရေးညံ့တတ်၏။
တမင်သက်သက်အပြစ်ရှာခြင်း၊ မတရားစွပ်စွဲပြောကြားခြင်း ခံရတတ်သည်။
ရှောင်ရန်
- လူကြီးသူမများကို
ကလန်ကဆန်ပြုခြင်း၊ ရန်ဟူသမျှကို ရှောင်လွှဲအလျှော့ပေးခြင်း၊ ဥပဒေနှင့်
မညီသော ရွှေ၊ သစ်၊ ၀ါး၊ ဓနိ၊ ကြေးနီ၊ ဂျုံစသည်တို့
ထုတ်လုပ်ရောင်းဝယ်ခြင်း၊ လောင်းကစားအပျော်ကျူးမှု၊ မူးယစ်ရမ်းကားမှုများ
မပြုလုပ်သင့်။ ပတ်ဝန်းကျင်ကို မထီမဲ့မြင် မပြုသင့်။ အနီ၊ အစိမ်း
တွဲဖက်ဝတဆင်ခြင်း ရှောင်ပါ။
ဆောင်ရန် - ကျောက်စိမ်းနှင့် ကျောက်နီ
နှစ်မျိုးစလုံး ဆောင်ပါ။
ကုသိုလ်ယတြာ - ထီးတော်တင်လှူရာ၌
လှူဒါန်းပူဇော်ပါ၊ မြန်မာတိုင်းရင်းဆေးဝါးများနှင့် အခါအားလျော်စွာ
ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းပါ။ |