|
Scorpio (ဗြိ စ္ဆာရာသီဖွား) အောက်တိုဘာ ၂၄ မှ
နိုဝင်ဘာ ၂၂
ငွေကံကောင်းမည့်နှစ်တစ်နှစ်ဖြစ်သည်။ မိဘထံမှကူညီမှုများစွာရရှိလိမ့်မည်။
အမွေအနှစ် ရစရာရှိသူ များအဖို့ လည်း အဆင်ပြေချောမွေ့လိမ့်မည်။
လျှိုဝှက်သောကြိုးပမ်းအားထုတ်မှုကြောင့် အောင်မြင်မှုတွင် တစ်ပါးသူတို့
အံ့သြလောက်အောင်ဖြစ်ပေါ်လာလိမ့်မည်။ အသိဥာဏ်ပွင့်လန်းနေမည်ဖြစ်ပြီး
မြို့ပြအင်ဂျင်နီယာလုပ်ငန်းနှင့် ရေလမ်းကုန်သွယ်မှုအလုပ်များ
ပိုမိုတိုးတက်အောင်မြင်လိမ့်မည်။ ဂုဏ်ပြုချီးကျူးခံရမည်။ လျင်မြန်စွာ ဘဝ
အဆင့်အတန်း တိုးတက်နိုင်သည်။
ငွေကံစမ်းသင့်သောနှစ်ဖြစ်သည်။ ထီထိုးသင့်၏။
ရင်းနှီးမြှုပ်နှံသင့်၏။ ၀င်ငွေလည်းတိုးလိမ့်မည်။ အထူးသဖြင့် ငွေကုန်သည်၊
ပန်းကုန်သည်၊ နွားနို့၊ ပုလဲ၊ ဆေးဝါး၊ ရေထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ
လုပ်ဆောင်သူတို့အဖို့ ငွေကြေးလိုအင်ဆန္ဒပြည့်ဝလိမ့်မည်။ ဆောက်လုပ်ရေးနှင့်
ပို့ဆောင်ရေးတို့မှလည်း သွယ်ဝိုက်၍ အကျိုးခံစားရမည်။
အချို့သောအစိုးရ၀န်ထမ်းများအဖို့ ဌာနကြီးများသို့
ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်းခံရမည်။
ညီအစ်ကိုသားချင်းများထံမှ
လုပ်ငန်းအထောက်အကူရနိုင်သည်။ ၄င်းတို့၏ဘ၀အခြေအနေမူ ရုံးကန် ကြိုးစား ရဦး
မည်ဖြစ်သည်။ ၄င်းတို့၏ ကျန်းမာရေးမကောင်းတတ်ပေ။ အိမ်ခြံမြေလုပ်ငန်းများ
အခက်အခဲကြားမှပင် အလုပ် ဖြစ်နေမည်။ သာမန်လူများအဖို့
အိမ်ခြံမြေအကျိုးပေးနိုင်သောကာလဖြစ်သည်။ လျှပ်စစ်မီးအသုံးပြုရန် ပို၍
အဆင်ပြေလာမည်။
ချစ်သူခင်သူတွေပမည်။ မိန်းကလေးများအဖို့
ရုတ်တရက်အိမ်ထောင်ကျတတ်သည်။ အချစ်ရေးကံပွင့် လန်းနေသော နှစ်ဖြစ်သည်။
သို့ရာတွင် အဆင်ခြင်ကင်းမဲ့သော ပြုမူနေထိုင်မှုများ ရှောင်ရှားရန်
လိုအပ်ပေ လိမ့်မည်။ သို့မဟုတ်မူ နာမည်ဆိုးနှင့်
အခက်ကြုံရတတ်သောအဖြစ်မျိုး ရင်ဆိုင်ရတတ်သည်။ အိမ်ထောင်ရေး သာယာမည်။
ပေါ်ပင်ယာယီအလုပ်များ
များစွာအကျိုးပေးလိမ့်မည်။ ဇိမ်ခံပစ္စည်း၊ အလှကုန်၊ ကျောက်မျက်ရတနာနှင့်
အနုပညာလုပ်ငန်း များလည်း အကျိုးရှိလိမ့်မည်။ ဝေဒနာကြီးကျယ်စွာ
ခံစားနေရသူများ ၂၀၀၉ ကုန်ခါနီးမှစ၍ အခြေအနေ
တိုးတက်တက်ကောင်းမွန်လိမ့်မည်။ အလုပ်အကိုင်အထူးတိုးတက်အဆင်ပြေမည်။
အလုပ်ထဲတွင် အတိုက်အခံများနေမည်။ သို့သော် အောင်မြင်ကျော်လွှားနိုင်မည်။
အဘယ်ကြောင့်ဆိုသော် မိမိကျွမ်းကျင်သောလုပ်ငန်း၌ အထူးအောင်မြင်မှု
ရနိုင်သောကြောင့်ဖြစ်သည်။
ဤနှစ်တွင် အလှပြင်လုပ်ငန်း
လုပ်ကိုင်ဆောင်ရွက်သူများအဖို့ ကံကောင်းသော်လည်း မိမိကိုယ်တိုင် အလှပြင်
မိသူများမူ မျက်နှာအလှပြင်ရာ၌ မှားယွင်းတတ်၍ သတိထားပါ။ အထူးသဖြင့်
နှာခေါင်းခွဲစိပ်ပြုပြင်ခြင်း၊ ရင်ဘတ် အလှပြုပြင်ခြင်းများ၌
မှားယွင်းမှုကြောင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ရတတ်သည်။ ခရီးသွားလုပ်ငန်း
စတင်လုပ်ဆောင် မှု ရေရှည်အကျိုးရှိလိမ့်မည်။ လူမှုရေးအသင်းအဖွဲ့များ၌
လုပ်ငန်းလုပ်ဆောင်ရတတ်သည်။
လအလိုက်အဟောများမှာ-
ဧပြီလ- ရာထူးရာခံလုပ်ပိုင်ခွင့် တိုးတက်မည်။
အများ၏ယုံကြည်အားကိုးမှုခံရမည်။ လုပ်ငန်းအတိုက်အခံများကို အနိုင်ရမည်။
မေလ-ကောင်းသောကျော်စောတိက္ကမရှိမည်။
မိကောင်းဆွေကောင်းတိုးပွားမည်။
ဇွန်လ- အနာဂတ်အကြံအစည်များ
စတင်အကောင်အထည်ဖော်ရမည်။ ရုံးခန်း၊ နေအိမ်စသည်တို့ ပိုကောင်းအောင်
ပြင်ဆင်ရမည်။
ဇူလိုင်လ-တာဝန်ယူဆောင်ရွက်သော
ကိစ္စအချို့လွဲချော်လိမ့်မည်။ မိဘ၏လက်ငုတ်လုက်ရင်း ဆက်ခံထားသူများ
ပိုကြိုးစားသင့်သည်။
သြဂုတ်လ-ကံကောင်းသောလဖြစ်သည်။
မည်သည့်လုပ်ငန်းမဆို အောင်မြင်တိုးတက်ချဲ့ထွင်နိုင်သည်။
စက်တင်ဘာလ-လုပ်ငန်းအကျိုးစီးပွားတိုးတက်ဖြစ်ထွန်းမည်။
ငွေကြေးအောင်မြင်မှုရလိမ့်မည်။ ငွေများလည်း ပြန်ဝင်နိုင်၏။
အောက်တိုဘာလ-လုပ်ငန်းအဆင်မပြေတတ်။
အမနာပရှုတ်ချပြေဆိုခြင်း၊ စွပ်စွဲခြင်းခံရတတ်သည်။ မည်သည့်လုပ်ငန်းသစ်မှ
မစတင်သင့်။
နိုဝင်ဘာလ-ကံကောင်းသောလဖြစ်သည်။
လေလံတင်ဒါစသည်တို့ အကျိုးပေးမည်။ ဂုဏ်သိက္ခာတိုးမည်။ လုပ်ငန်းများ
စတင်သင့်၏။
ဒီဇင်ဘာလ-လုပ်ငန်းချဲ့ထွင်ရမည်။ ပန်းချီဆရာ၊
အိုင်တီနည်းပညာရှင် စသည်တို့ အသစ်အဆန်းများ တီထွင်ဖန်တီးရေးဆွဲနိုင်သည်။
ဇန်န၀ါရီလ(၂၀၁၀)-လုံ့လ၀ီရိယအကျိုးခံစားရမည်။
သည်းခံစိတ်ကပို၍ အရာရောက်လိမ့်မည်။
ဖေဖော်ဝါရီလ-လုပ်ငန်းသစ်တိုးချဲ့နိုင်မည်။
ပိုကောင်းသော လုပ်ငန်းဌာနတို့ ပြောင်းရွှေ့ရမည်။
မတ်လ- စီးပွားရေးလုပ်ငန်း
အရှိန်အဟုန်ရပ်တန့်သွားတတ်သည်။ အစာအိမ်ဝေဒနာခံစားရတတ်သည်။
ရှောင်ရန်- စကားနှစ်ခွပြောကြားခြင်း၊
ကတိဖြတ်ခြင်း၊ ဘာသာရေးကိစ္စများကို နားမလည်ဘဲ ဝေဖန်ပြောကြားခြင်း၊
ဆင်းရဲနွမ်းပါးသူများကို နှိမ့်ချပြောဆိုဆက်ဆံခြင်း၊ ဆရာကိုအာခံခြင်း၊
အနက်နှင့် ခရမ်းရောင်များကို ပူးတွဲဝတ်ဆင်ခြင်း။
ဆောင်ရန်-မြနှင့် ပုလဲကိုတွဲ၍ဆောင်ပါ။
ကုသိုလ်ယတြာ- နှိုးစက်ပါသော နာရီတစ်လုံးကို
ကမ္မဌာန်းကျောင်းသို့လှူပါ။ နေပူခံကျောက်ပြားများ အခါအားလျော်စွာ
လှူပေးပါ။ ဇီဝိတဒါနအလှူပြုလုပ်ပါ။ |