powered by:
Yangon City Development Committee
3/12/2010
 

Aries
Mar 22 ~ Apr 20

Taurus
Apr 21 ~ May 20

Gemini
May 22 ~ June 22

Cancer
Jun 23 ~ Jul 23

Leo
Jul 24 ~ Aug 23

Virgo
Aug 24 ~ Sep 23

Libra
Sep 24 ~ Oct

Scorpio
Oct 24 ~ Nov 22

Sagittarius
Nov 23 ~ Dec 22

Capricorn
Dec 23 ~ Jan 19

Aquarius
Jan 20 ~ Feb 19

Pisces
Feb 20~ Mar 21

Taurus (ပိဿရာသီဖွား) ဧပြီ ၂၁ မှ မေ ၂၀

    သတိတရား နှင့် ကိုယ်ပိုင်ယုံကြည်ချက်ကို လက်ကိုင် ထာ်းရမည့် နှစ်တစ်နှစ်ဖြစ်သည်။ အပြောင်း အလဲ တွေတွေ့ ကြုံရ တက်သော နှစ်တစ်နှစ်ဖြစ် နေပေသည်။ နေရေးထိုင်ရေး၊ အလုပ်အကိုင်နှင့် ဆုံးဖြတ်ချက် များပြောင်းလဲရ တက်ပေသည်။ အကောင်းဘက်ကို ဦးတည်နိုင်ရန် အရေးကြီး ပေလိမ့်မည်။ ဝေဒနာခံစား ရမှုများ သက်သာရာရလိမ့်မည်။ လိုအင်ဆန္ဒနှင့် ဝါသနာပါ သည့် အလုပ်များ ပြည့်ဝအောင်မြင်လာမည်။

    အလှူဒါန မကြာခဏပြုရတက်သည်။ လူမှုရေး၊ ဘာသာရေးအသင်း အဖွဲ့များတွင်ပါဝင် ထမ်းရွက်ရလိမ့် မည်။ ငွေကြေးအကူအညီ၊ လိုအပ်ချက်များ အထောက်အပံ့များ ရရှိနေမည်။ မိမိ လိုလား သော ပညာရေး ခရီး ဖြောင့်ဖြူးသာယာမည်။ စာမေးပွဲများ ထူးထူးချွန်ချွန် အောင်မြင်နိုင် သည်။ ခက်ခဲနက်နဲသည့် ပညာရပ်များ သင်ယူ ခွင့်ရမည်။ ရွှေငွေ ကျောက်မျက် ရတနာများ အကျိုးပေး မည်။ မှတ်ဥာဏ်တိုးတက်ကောင်း မွန်မည်။ ကုန်သွယ်ဖက် မိတ်ဟောင်းများ နှင့် အဆက်အသွယ် ပြန်ရလာမည်။ အိမ်နီးနားချင်းသစ်များ ရရှိလာမည်။ မိခင်၏ ကျန်းမာရေးဂရုစိုက် ရမည့် အချိန်ဖြစ်သည်။

    အချစ်ရေးတွင် စိတ်တိုင်းကျမ ဖြစ်နိုင်သေး။ ချစ်သူ၏ မတင်မကျ အဖြေများနှင့် ပဟေဠိဆန်သော အပြုအမူ တို့က စိတ်အနှောင့်အယှက် ဖြစ်မည်။ သို့ရာတွင် နောက်ဆုံး၌ ချစ်ကံကောင်းမှု တွေ့ကြုံရန် သေချာပေမည်။

    လတ်တလောနှစ်စ၌ ယာယီပေါ်ပင်အလုပ်များ မလုပ်သင့်သေးသလို ငွေကံစမ်းမှုများလည်း ရှောင ထား သင့်၏။ ဝါသနာအရင်းခံ အလုပ်များအောင်မြင်မှု ပိုရမည်။ ထို့အတူ သားသမီးများ တိုးတက် အောင်မြင် လာမည်။

    ငွေကြေးအခက်အခဲများ ပြေလည်မည်။ ကြွေးမြီများ ဆပ်နိုင်လိမ့်မည်။ မေလမှ သြဂုတ်လအတွင်း ပြဿနာ အချို့ ပြေလည်သွားမည်။

    အိမ်ထောင်ရေး မျှော်လင့်ချက်များ ရွှေ့ဆိုင်းနေရဦးမည်။ ထိုသို့ရွှေ့ဆိုင်းမှုများသည် တစ်နှစ်ခန့် ကြာနိုင် ပေသည်။ အိမ်ထောင်ရှင်များ အဖို့မူ မိသားစုဝင်ငွေတိုး ခြင်း၊ ခေတ်မီအိမ်သုံး ပစ္စည်း တိုးပွားခြင်း ဖြစ်လိမ့်မည်။ အိမ်ထောင်ဖက် သည် ရပ်ဝေးခရီးထွက်ခွာရခြင်း (သို့) နေထိုင် မ ကောင်းခြင်း များ ၂၀၁၀ နှစ်ဦး တွင် ကြုံတွေ့ရတက်ပေသည်။

    ဖခင်ထံမှ အကူအညီအချို့ ရရှိနိုင်သည်။ သို့ရာတွင် မိမိမျှော်လင့် ထားသလို အပြည့်အဝမဖြစ် နိုင်ပေ။ ဘာသာရေးလုပ်ဆောင် မှုများလည်းပြတ်တောက်နေတက် သည်။ အထူးသဖြင့် အိမ်မက်ဆိုး များ မြင်မက် ခြင်းနှင့် စိတ်ဖိစိးမှုဒဏ်ကို ခံစားရလိမ့်မည်။ လုပ်ငန်းကိုင်ငန်းများမူ အထူး တိုးတက်အောင်မြင်မည်။ အလုပ် တာဝန် များ ပိနေမည်။ ရာထူးတက်မည်။ လုပ်ငန်း တိုးချဲ့ နိုင်မည်။ ယာယီဝန်ထမ်းများ အဖို့ အမြဲတမ်း ခန့်အပ်ခံရတော့မည်။

    မတင်မကျ ဆုံးဖြတ်မိ ပါက မိမိရစရာများ သူတစ်ပါးလက် သို့ ရောက်သွားလိမ့်မည်။ လွယ်လင့် တကူ ဝင်ငွေတိုး နိုင်သော နှစ်တစ်နှစ်ဖြစ်ပေသည်။

လအလိုက် အဟောများမှာ -

ဧပြီလ - ပြောဆိုသမျှ အရာရောက်နေမည်။ လိုအင်ဆန္ဒ ပြည့်ဝမည်။ အိမ်၊ လုပ်ငန်းဌာန၊ ယာဉ်စသည် တို့မှ ကောင်းကျိုး ရရှိလိမ့်မည်။

မေလ - ကံတရားပိုမို တိုးပွားလာမည်။ အခွင့်အရေး ကောင်းများပေါ်လာမည်။ လုပ်ငန်း တိုးတက် မည်။  ရတနာဝင်မည်။

ဇွန်လ - မျှော်လင့်ထားသလို ဖြစ်လာရန် နှောင့်နှေးနေတက်သည်။ သို့သော် ယှဉ်ပြိုင်ရသော အရောင်းအဝယ် ကိစ္စများ အောင်မြင်မည်။

ဇူလိုင်လ -  ဂုဏ်သိက္ခာတိုး၍ နာမည်ကောင်းထွက်မည်။ ဟောပြောပို့ချမှု၊ ဘာသာပြန်ဆိုမှု၊ စာပေရေးသားမှု တို့၌ အောင်မြင်မည်။

သြဂုတ်လ - မျှော်လင့်ထားသလို ငွေကြေးအောင်မြင်မှုများ ရလိမ့်မည်။ အစုစပ်လုပ်ငန်း များ အကျိုးရှိ လိမ့်မည်။ နေရေးထိုင်ရေး အဆင်ပြေမည်။

စက်တင်ဘာလ - ကိုယ်ရည်ကိုယ်သွေး၊ တိုးတက်လာမည်။ အစားအသောက်မှား၍ အစာအိမ် ဝေဒနာ ရတက်သည်။ ရွှေပစ္စည်း ဝင်မည်။

အောက်တိုဘာလ - ကိုယ်ရည်ကိုယ်သွေး၊ အထူးတိုးတက်မည်။ မျှော်လင့်မထားသော အဆက် အသွယ် ကောင်းများ ရမည်။ ဖခင်ကြောင့် စိတ်ချမ်းမြေ့ ဂုဏ်ယူဝမ်းမြောက်ရလိမ့်မည်။

နိုဝင်ဘာလ - ဆက်လက်၍ ယှဉ်ပြိုင်ရောင်းဝယ် မှု အကျိုးပေးနေမည်။ လုပ်ငန်းတိုးချဲ ရမည်။ နိုင်ငံခြားခရီး စတင်အကျိုးပေးလာမည်။

ဒီဇင်ဘာလ - ချစ်သူနှင့် ခွဲခွာရတက်သည်။ မမျှော်လင့်ထားသော ခရီးတစ်ခု သွားရမည်။ လုပ်ငန်းအခြေအနေ ကောင်းမွန်လာမည်။

ဇန်နဝါရီ (၂၀၁၀) - လုပ်ငန်းအောင်မြင်မှု ပိုမိုရရှိမည်။ ကုသိုလ်ရေး ကိစ္စများ နှင့် လက်ထပ်ရန် အစီအစဉ်များ နှောင့်နှေးနေ တက်၏။

ဖေဖေါ်ဝါရီလ - ပညာရေးအောင်မြင်မှုများ ရရှိမည်။ မီဒီယာ လုပ်ငန်းများ အကျိုးအမြတ်များစွာ ဖြစ်ထွန်းမည်။

မတ်လ - စာနယ်ဇင်းများ အကျိုးအမြတ်ကောင်းစွာ ပေါ်ထွက်မည်။ စာမေးပွဲများ ထူးထူးချွန်ချွန် အောင်မြင်လိမ့်မည်။

ရှောင်ရန် - ဇွန် ၅ ရက် မှ ဇူလိုင် ၁၈ ရက်အတွင် စက်ပစ္စည်း ဝယ်ယူခြင်း၊ ဥပဒေမဲ့ပြုမူခြင်း၊ ယာဉ်အမျိုးမျိုးကို သတိလက်လွတ် မောင်းနှင်ခြင်း၊ တောက်ပသော အနီနှင့် အစိမ်းရောင်ကို ဦးစားပေး ဝတ်ဆင်ခြင်း။

ဆောင်ရန် - ကောင်းမွန်သော ပတ္တမြား တစ်ပွင့် ဆောင်ပါ။

ကုသိုလ်ယတြာ - အခါအားလျော်စွာ စတုမဓူ၊ ပျားရည်၊ ဂျုံနှင့်လုပ်သော မုန့်များ၊ လျှပ်စစ် မီးသီး မီးကြိုးများ၊ ဖျော်ရည်အမျိုးမျိုး၊ ပရဆေးများ တက်နိုင်ရာ ကို အလှူဒါန ပြုပေးသင့်၏။

home | about us | contacts us
Your Visitor Number : 12901821
copy right@ PUBLIC RELATIONS AND INFORMATION DEPARTMENT
Yangon City Development Committee, City Hall
Yangon, Union of Myanmar