powered by:
Yangon City Development Committee
3/13/2010
 

Aries
Mar 22 ~ Apr 20

Taurus
Apr 21 ~ May 20

Gemini
May 22 ~ June 22

Cancer
Jun 23 ~ Jul 23

Leo
Jul 24 ~ Aug 23

Virgo
Aug 24 ~ Sep 23

Libra
Sep 24 ~ Oct

Scorpio
Oct 24 ~ Nov 22

Sagittarius
Nov 23 ~ Dec 22

Capricorn
Dec 23 ~ Jan 19

Aquarius
Jan 20 ~ Feb 19

Pisces
Feb 20~ Mar 21

Virgo(ကန်ရာသီဖွား) သြဂုတ်လ ၂၄ မှ စက်တင်ဘာ ၂၃

မိမိကိုယ်ပိုင်အစွမ်းအစနှင့်လုပ်ငန်းကျွမ်းကျင်မှုတို့ဆက်လက်အကျိုးပေးနေမည်။ လိုအင်ဆန္ဒများမျှော်လင့်မထား သည့်နည်းလမ်းများဖြင့် ပြည့်ဝလာမည်။ လုပ်ငန်းအကူး အပြောင်းများ တတ်သောနှစ် ဖြစ်သည်။ ကန်ထရိုက် လုပ်ငန်း၊ပွဲစားလုပ်ငန်းစသည်တို့အကျိုးပေးနေမည်။လုပ်ငန်းဟောင်းကိုစွန်ခွာ၍လုပ်ငန်း အသစ်များဆီသို့ ဦးတည်နေသည်။

ငွေကြေးအဆင်ပြေမည့်နှစ်တစ်နှစ်အဖြစ်ဆက်လက်ရပ်တည်နေမည်။ ယခင်နှစ်၌စတင်ခဲ့သော စီးပွားရေးကိစ္စများ စတင်၍အကျိုးအမြတ်ပေါ်ထွက်တော့မည်။ခင်မင်ရင်းနှီးသူများနှင့်စီးပွားဖက်လုပ်ငန်းများ မဆောင်ရွက်ချင် သော်လည်း ဆောင်ရွက်ရလိမ့်မည်။အတန်အသင့်အကျိုးဖြစ်ထွန်းလိမ့်မည်။ မိသားစုဝင်ငွေ နှင့်စုဆောင်းငွေ တိုးပွားလိမ့်မည်။ ညီအကိုသားချင်းများ၏ကောင်းကျိုးကိုလည်းဆောင်ရွက်ပေးနိုင်မည်။

အစွမ်းအစထုတ်ဖေါ်အသုံးပြုနိုင်မည်။စီးပွးရေးအဆက်အသွယ်ကောင်းရမည်။မနှစ်ကထက် ပညာရေး၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ရေး စသည့်အလုပ်များ အောင်မြင်မှု ပိုမိုရရှိလိမ့်မည်။ စာမေးပွဲများပိုမို အောင်မြင်မှုရရှိလိမ့်မည်။ မျှော်မှန်းမထားသည်ပညာရေးအောင်မြင်မှုများပင်ရနိုင်၏တက်ရောက်လိုသော တက္ကသိုလ်ကြီးများသို့ပင် တက်ရောက်ခွင့်ရနိုင်သောကာလဖြစ်သည်။ ပိုမို၍ခက်ခဲသောပညာရပ်များ တတ်မြောက်လာမည်။

သားသမီးတပည့်တပန်းအတန်အသင့်အကျိုးပေးမည်။သို့သော် ၄င်းတို့၏ရည်မှန်းချက်၊ ကျန်းမာရေးနှင့်ကြိုးပမ်းအားထုတ်မှု ချွတ်ချော်ပျက်ပြားတတ်သည် ကိုသတိပြုပေးသင့်၏။ ကြွေးမြီများ ပြေလည်သွားမည်။ ရန်သူများပင်သေချာလျော့ပါးသွားမည်။ အတိုက်အခံလုပ်နေသူတို့ မိမိနှင့် ပူးပေါင်းလာမည်။ ရောဂါဝေဒနာများ သက်သာပျောက်ကင်းလိမ့်မည်။ သို့သော်ဦးခေါင်းပိုင်းမထိခိုက်စေရန် ဆင်ခြင်နေထိုင်ပါ။

ညီ၊ညီမတို့၏ မိတ်ဆွေများထဲမှမိမိနှင့်ဖူးစာဆုံမိသူပေါ်ပေါက်လာနိုင်သည်။လူကြီးမိဘ သဘောကျသူလည်း ဖြစ်နိုင်သည်။စေ့စပ်ကြောင်းလမ်းခြင်း၊ လက်ထပ်ထိမ်းမြားခြင်းကိစ္စများအဆင်ပြေ ချောမွေ့နိုင်သည် (သို့) ၂၀၁၁ ခုနှစ်တွင် လက်ထပ်ရန်သဘောတူညီ ကြလိမ့်မည်။ ပင်ကိုယ်ဗီဇနှင့် အတိတ်ကံကြောင့် လုပ်ငန်းဆောင်ရွက်ရာ တွင် အများမနိုင်သည့်ကိစ္စများကို ပြီးစီးအောင်ဆောင်ရွက်နိုင်မည်။ လေလံ၊ တင်ဒါနှင့်လုပ်ငန်းလုပ်ပိုင်ခွင့်များရရှိ အောင်မြင်မည်။ ကျန်မားရေးကောင်းမွန်မည်။ ခွန်အားစိုက်ထုတ်လုပ်ရသော လုပ်ငန်းမျိုး၌လည်း အောင်မြင်အောင်ဆောင်ရွက်နိုင်မည်။

ဘာသာရေးအလှူအတန်းတရားဘာဝနာအားထုတ်မှုတို့၌ခရီးရောက်မည်။လူမစွမ်းလျှင်ပင်နတ်ကောင်းမည့် အချိန်ပင်ဖြစ်သည်။ နေရေး၊ထိုင်ရေး ပိုကောင်းအောင် ဆောင်ရွက်လိမ့်မည်။ အကျိုးပေးလုပ်ငန်းသစ် ပေါ်ပေါက်မည်။ဆေးဝါးပစ္စည်း၊ငွေထည်၊ငွေကုန်သည်အလုပ်၊ ဆေးရုံဆေးခန်းဖွင့်ခြင်း၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ရေးနှင့်ပြည်ထဲရေးလုပ်ငန်း တိုးတက်ဖြစ်ထွန်းအောင်မြင်လိမ့်မည်။

လအလိုက်အဟောများမှာ

ဧပြီလ-အစားအသောက်ဆင်ခြင်ပါ၊အစာအိမ်ဒုက္ခပေးတတ်၏။စိတ်ထင့်နေသောကိစ္စအားလုံးအောင်မြင်မည်။

မေလ-ငွေကြေးအခက်အခဲများရှိပါကပြေလည်အောင်ဆောင်ရွက်နိုင်တော့မည်။သယံဇာတရှာဖွေတူးဖော်သူများ အဖို့အကျိုးရှိလိမ့်မည်။

ဇွန်လ-ပစ်ထားသော စက်မှုနှင့်ဆေးဝါးလုပ်ငန်းများ ပြန်လည် ဆောင်ရွက်ရတတ်သည်။ လျှပ်စစ်ပစ္စည်းထုတ်လုပ် ရောင်းချမှု အကျိုးရှိလာမည်။

ဇူလိုင်လ-ကုသိုလ်ကံအထူးကောင်း မည့်လတစ်လဖြစ်ပါသည်။ လုပ်ငန်းအောင်မြင် သလိုဝင်ငွေလည်း တိုးမည်။ အလုပ်ကောင်းရမည်။

သြဂုတ်လ-အကြံဥာဏ်သစ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်။

စက်တင်ဘာလ-ငွေကြေးအကုန်အကျများ မည်။မျှော်လင့်ချက်များ ရှင်သန်လာမည်။ ပွင့်ပွင့်လင်းလင်းပြောဆိုဆောင်ရွက်မှု များပိုအကျိုးပေးမည်။

အောက်တိုဘာ-ငွေကုန်ကြေးကျ ဆက်လက်များနေမည်။ ပရိဘောကအသစ်များ၊ ပရဆေးများ အကျိုးပေးလိမ့်မည်။

နိုဝင်ဘာလ-နိုင်ငံခြားခရီးနှင့် အလုပ်အကျိုးစတင်ပေးတော့မည်။

ဒီဇင်ဘာလ-မမျှော်လင့် သောခရီးတစ်ခုသွားရမည်။ ငွေကြေးရင်းနှီးမြုပ်နှံမှုများ ဤကာလအတွင်း မပြုလုပ်သင့်ပေ။

ဇန်န၀ါရီလ (၂၀၁၀)- ဆောက်လုပ်ရေးလုပ်ငန်းသစ်စတင်သင့်၏။သတိမရှိပါက ရေရှည် ကြွေးမြီ ပြဿနာ စတင်ပေါ်ပေါက်တတ်၏။

ဖေဖေါ်ဝါရီလ-လုပ်ငန်းများ အောင်မြင်မည်။ ငွေကြေးအကူအညီ အထောက်အပံ့များ ရယူရာ၌ ပြဿနာမရှိနိုင်ပေ။

မတ်လ-အစုစပ်လုပ်ငန်းများအောင်မြင်မည်။အိမ်ထောင်ရေးတွင်ပူပန်သောကဖြစ်စရာ ကြုံရတတ်သော်လည်း စိုးရိမ်စရာမရှိ။

ရှောင်ရန်-ဒေါသစိတ်၊ မောဟစိတ်၊ လေပွစာ၊ ကြေခဲသောအစာ၊ အဆီများသောအစာများ၊ လက်လုပ်ချဉ်များ၊  အရက်၊ ဘီယာ၊ စိမ်ရည်နှင့် နေ့ကျော်နေသော အစားအစာများ၊ အအေးခံလွန်းခြင်း၊ လျှပ်စစ်ပစ္စည်းများကိုသတိလက်လွတ်ကိုင် တွယ်ခြင်း

ဆောင်ရန်-နီလာနှင့်ပတ္တမြားကိုပူးတွဲဆောင်ပါ

ကုသိုလ်ယတြာ-အသုံးဝင်သောစတီးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ လှူဒါန်းပါ၊ထီး၊ ဖိနပ်။ သင်္ကန်းစသည်လှူဒါန်းပေးပါ။

home | about us | contacts us
Your Visitor Number : 12902515
copy right@ PUBLIC RELATIONS AND INFORMATION DEPARTMENT
Yangon City Development Committee, City Hall
Yangon, Union of Myanmar