|
![]() |
|||||||||||||||||||||||||||
|
Myanmar Food | Chinese Food | Japanese Food | Korean Food | Indian Food | European ထိုင်းစတိုင်လ် ပင်လယ်စာဖက်ထုပ်ပေါင်း ပါဝင်သောပစ္စည်းများ
ပြုလုပ်ပုံ (၁) ပထမဦးစွာပန်းကန်တစ်ခုအတွင်းသို့ ဂဏန်းသား၊ ပုဇွန်နှင့် ကျွဲခေါင်းသီး၊ မျှစ်တို့ကိုထည့်ကာ ကြက်သွန်နီ၊ ဂျင်းတို့နှင့် ရောနှော၍ သမအောင်နယ်ပေးရပါမည်။ ပြီးလျှင် သမအောင်ရောနယ်ထားသော အသားများအတွင်းသို့ ပဲငံပြာရည်နှင့် ငါးငံပြာရည်တို့ကိုပါထည့်ကာ ထပ်နယ်ပေးရပါမည်။ (၂) ထို့နောက် ပန်းကန်လုံးတစ်ခုအတွင်းသို့ ရေနွေးအနည်းငယ်ထည့်ကာ ထိုရေနွေးပန်းကန်အတွင်းသို့ ဖက်ထုပ်ရွက်တစ်ရွက်ကိုထည့်ပြီး ဖက်ထုပ်သားအနည်းငယ် နူးညံ့ပျော့ပျောင်းလာလျှင် သန့်ရှင်းသည့် မျက်နှာပြင်ကျယ်သော ပန်းကန်ပြားအတွင်းသို့ ဆယ်ယူကာ စက္ကန့်အနည်းငယ်ဖြန့်၍ထားပါ။ (၃) ဖက်ထုပ်ရွက်အနည်းငယ်အေးလာလျှင် ၄င်းဖက်ထုပ်ရွက်၏အလယ်ထဲသို့ စင်းကောပြုလုပ်ကာ နယ်ထားသောအသားများကိုထည့်ပြီး စတုရန်းပုံအထုပ်လေးဖြစ်အောင် ထုပ်ပေးရပါမည်။ (ကျန်သောဖက်ထုတ်ရွက်များနှင့် အသားများကိုလဲ ထိုနည်းအတိုင်းပြုလုပ်ပေးပါ) (၄) ဖက်ထုပ်များပေါင်းရန် အဆင်သင့်ဖြစ်လျှင် ဖက်ထုပ်ထည့်ပေါင်းမည့် နှီးပေါင်းခွက်အတွင်းသို့ ငှက်ပျောရွက်များကို ဖြန့်ခင်းပေးပြီး ငှက်ပျောရွက်မျက်နှာပြင်ကို ဆီအနည်းငယ်သုတ်လိမ်းပေးပြီး ထိုငှက်ပျော်ရွက်များခင်းထားသော နှီးပေါင်းခွက်အတွင်းသို့ ဖက်ထုပ်များကို အစီအရီထည့်ပါ။ ထိုအခါဖက်ထုပ်ပေါင်းရန် အသင့်အနေအထားသို့ ရောက်ပြီဖြစ်ပါသည်။ ၄င်းနှီးပေါင်းခွက်အား ဟင်းပေါင်းအိုးအတွင်းသို့ထည့်ကာ ၈ မိနစ်ခန့်ရေနွေးငွေ့ဖြင့် မီးပြင်းပြင်းပေါင်းပေးရပါမည်။ (၅) ၈ မိနစ်ခန့်ကြာလျှင် ဖက်ထုပ်များနူးညံလာပြီဖြစ်၍ ပေါင်းအိုးထဲမှ ထုတ်ယူကာ ပန်းကန်ပြားကျယ်ကျယ်အတွင်းသို့ ဖြန့်ထည့်ပေးပြီး ၄င်းဖက်ထုပ်များပေါ်မှ နံနံပင်၊ ငရုတ်သီးတို့ကို ဖြူးပေးပြီး အလွန်အရသာရှိ၍ နူးညံ့သော ထိုင်းစတိုင်လ် ပင်လယ်စာဖက်ထုပ်ကို သုံးဆောင်နိုင်မည်ဖြစ်ပါသည်။ |
| home | about us | contacts us |
| Your Visitor Number : 12903029 |
|
copy right@ PUBLIC RELATIONS AND INFORMATION DEPARTMENT Yangon City Development Committee, City Hall Yangon, Union of Myanmar |